Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကသတင်းသမားများအား ဖမ်းဆီးမှုအပေါ် BNI ရှုတ်ချ၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို

စစ်ကောင်စီက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ချိန်မှစ၍ ၇လကျော်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် သတင်းမီဒီယာသမားပေါင်း ၁၀၀ ကျော်ရှိပြီး ယင်းအနက်မှ ၄၇ဦးမှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

(ဓါတ်ပုံ- အာဏာသိမ်းစစ်​ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို​ပစ်ခတ် အကြမ်းဖက်ဖြိုခွင်း​နေသည့်ကြားမှ မြန်မာသတင်း​ထောင်များသတင်းရယူ​ခဲ့ကြသည်။)

အာဏာသိမ်းစစ်ကောင်စီက သတင်းသမားများအား ဖမ်းဆီးခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်းသတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် တိုင်းရင်းသား သတင်းမီဒီယာ ရေးရာကိစ္စရပ်များ ဆောင်ရွက်နေသည့် Burma News International(BNI)က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ချိန်မှစ၍ ၇လကျော်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် သတင်းမီဒီယာသမားပေါင်း ၁၀၀ ကျော်ရှိပြီး ယင်းအနက်မှ ၄၇ဦးမှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

ဩဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလအစောပိုင်းတွင်လည်း သတင်းထောက်များကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ မီဒီယာသမားများကို ခိုင်မာသည့် အကြောင်းပြ ချက်မရှိဘဲ ဖမ်းဆီးအရေးယူနေမှုများသည် မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏ လုံခြုံရေးကို ကြီးမားစွာ ထိခိုက်စေသည့်အတွက် စစ်ကောင်စီ၏ ထိုလုပ်ရပ်များကို BNIက ပြင်းထန်စွာ ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။

(ဓါတ်ပုံ- အာဏာသိမ်းစစ်​ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို​ပစ်ခတ် အကြမ်းဖက်ဖြိုခွင်း​နေသည့်ကြားမှ မြန်မာသတင်း​ထောင်များသတင်းရယူ​ခဲ့ကြသည်။)

ထို့ပြင် နိုင်ငံတစ်ဝှမ်း အဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အကျဉ်းထောင်များနှင့် စစ်ကြောရေး ဌာနများတွင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ညှင်းပမ်းနှိပ်စက်မှုများ မပြုလုပ်ရန် တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

သတင်းမီဒီယာသမားများအပေါ် ပြစ်မှုအမျိုးမျိုးတပ်၍ ၀ရမ်းများ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပေးရန်နှင့် သတင်းထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းခံထားရသည့် သတင်းဌာနများကို သတင်းထုတ်လုပ်မှု ပြန်လည်ခွင့်ပြုရန်လည်း BNI၏ တောင်းဆိုချက်၌ ဖော်ပြထားသည်။

ထို့ပြင် လွတ်လပ်စွာ သတင်းရယူ၊ ရေးသားဖော်ပြခွင့်နှင့် သတင်းအချက်အလက် သိရှိရယူခွင့်ကို လေးစားလိုက်နာရန် BNIက တောင်းဆိုသည်။

ဩဂုတ်နှင့် စက်တင်ဘာလအတွင်းမှစ၍ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၂၅မြို့နယ်တွင် အင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ထားခြင်းမှာ ထိုဒေများရှိ ပြည်သူများ၏ သတင်းအချက်အလက် ရရှိပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။