Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံ​ရွေးမှစစ်​ကောင်စီခန့်အုပ်ကြီးကို MHG ကသုတ်သင်ရှင်းလင်းဟုထုတ်ပြန်

အုပ်ကြီး၏လုပ်ရပ်များကိုရပ်တန်းကရပ်ရန် သတိပေးထားသော်လည်ဆက်လက်လုပ်ကိုင်နေသည့်အတွက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မုံရွာမြို့နယ်၊ မုံရွေးမှ အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မြတ်ကျော်ကို Monywa Heroes Group(MHG) မှသုတ်သင်လိုက်ကြောင်း အဆိုပါအဖွဲ့ကယ​​နေ့ထုတ်ပြန်သည်။

အုပ်ကြီး၏လုပ်ရပ်များကိုရပ်တန်းကရပ်ရန် သတိပေးထားသော်လည်ဆက်လက်လုပ်ကိုင်နေသည့်အတွက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“တောပြန်လှည်းပေါ်မှာပက်လက်ကြီးပါလာတာတောထဲမှာဖြစ်လာတာပါ။ ခု့လက်ရှိသူ့အမနဲ့သူ့ယောက်ဖဖြစ်သူက တုတ်များ၊ဓားများဆွဲကာ ငါတို့ကတစ်ယောက်ထဲသေတာ နင်တို့ကိုပြန်လုပ်ပြမယ်ဆိုပြီး ရပ်ကွက်ကိုအော်ဟစ်ဆဲဆိုနေတယ်”လို့​ဒေသခံတစ်ဦးက​ပြော​ကြောင်း ​ချောင်းဦးသတင်းပြန်ကြား​ရေးကလည်း ​ဖော်ပြထားသည်။

စစ်​ကောင်စီခန့် အုပ်ကြီးသေဆုံးမှု့နှင့်ပက်သက်ပြီး မိသားစုဝင်များကမကျေနပ်သည့်အတွက်PDFများရှိသည့်နေရာများအားစစ်ကောင်စီသို့သတင်းပေးနေသိ့ဟုသိ့ရပြီး PDFများရှိသည့်နေရာကိုဆက်လက်သတင်းပေးနေမည်ဆိုပါက အဆိုပါမိသားစုဝင်များ၏အသက်အန္တရာယ်ကိုတာဝန်ယူမည်မဟုတ်​ကြောင်းသတိ့​ပေးလိုက်ပါသည်ဟု Monywa Heroes Group ထုတ်ပြန်​သောစာတွင်​ဖော်ပြထားသည်။