Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည် PDF က ကိုယ်တိုင်ထုတ် ပစ္စတိုနဲ့ အုပ်ကြီးတွေကို သတိပေး

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

ဇွန် ၂၇၊ ၂၀၂၆ ဟာနာဆန်/People’s Spring

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃ – ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (Kyaukse Revolution Army KRA)ကနေ ဒီကနေ့ ဇွန် ၂၇ ရက်မှာ ၎င်းတို့ထုတ်လုပ်ထားတဲ့ ပစ္စတိုသေနတ် ၂ လတ်ကို ရုပ်သံနဲ့ပြသပြီး ဂြိုကြွနေတဲ့ ကျောက်ဆည်နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို သတိထားဖို့ သတိပေးပြောဆိုခဲ့ပါတယ်။

ကျေးရွာပြည်သူလူထုရဲ့ ထောက်ခံမှုရရှိထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရည်ရွယ်ခြင်းမဟုတ်ဘဲ

Public Service Announcement

Public Service Announcement

စစ်ကောင်စီ သက်ဆိုးရှည်စေဖို့အတွက် ကျောက်ဆည်မြို့နယ်အတွင်းရှိ လူငယ်တွေကို ပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေးတွေကို အတင်းအဓမ္မ ကောက်ခံပေးတာနဲ့ ငွေညှစ်တာတွေ ပြုလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို သတိပေးရခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်လင်းက ပြောပါတယ်။

“အာဏာရှင်လက်အောက်မှာနေပြီး ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့က တနေ့ ကျွန်တော် တို့ကိုယ်တိုင် အိမ်တံခါးလာခေါက်ပါမယ်”လို့ ကိုဉာဏ်လင်းက ပြောပါတယ်။

လက်ရှိကျောက်ဆည်မြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းကြေးတွေ လစဥ်ကောက်ခံနေပြီး အမျိုးသားရှိတဲ့အိမ်ဆိုရင် တစ်ဦးကို တစ်လ ကျပ် ၂၁၀၀၀ နှူန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၃ယောက်ရှိတဲ့အိမ်ဆိုရင်တော့ ၆၃၀၀၀ လောက်ကောက်နေတယ်”လို့ ဒေသခံက ပြောပါတယ်။

အဆိုပါပစ္စတိုသေနတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃ – ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (Kyaukse Revolution Army KRA) နဲ့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ KDDF တို့က ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး တစ်လတ် ၅ သိန်းခန့်ကုန်ကျတယ်လို့ သိရပါတယ်။

ယခုအခါ မန္တလေးတိုင်းအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာ အုပ်ချုပ်ရေးမှူးရွေးပွဲတွေ ပြုလုပ်နေပြီး အများစုက ယခင်အုပ်ကြီးတွေ၊ စစ်တပ်လက်အောက်ခံတွေသာ အုပ်ကြီးပြန်အရွေးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။