Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုင်းထိစစ်ကောင်စီတပ်သားများကို ဆေးကုသရန် ထီးချိုင့်ဆေးရုံတက်နေသောပြည်သူများကိုချက်ချင်ဖယ်ရှား

“ပင်လည်ဘူးကိုစစ်ကူသွားမယ့် အဖွဲ့က ကားနှစ်စီးမိုင်းထိတယ်။ သခွပ်ချောင်မှာ ထိတာ။ ဆေးရုံကလူတွေဆင်းခိုင်းပြီး သူတို့(စစ်ကောင်စီ) တက်နေတယ်”ဟု ယနေ့ နေ့လည်တွင် ဒေသခံတစ်ဦးကသတင်းပေးပို့သည်။

ထီးချိုင့်တွင် အကြမ်းဖက်စစ်ကောင်စီကားနှစ်စီး မိုင်းထိပြီးနောက် ဒဏ်ရာရသူများကို ဆေးကုရန်အတွက် ထီးချိုင့်ဆေးရုံတွင် မူလကတက်ရောက်နေသည့် အရပ်သားများကို ချက်ချင်းဖယ်ရှားခိုင်းနေသည်ဟုဒေသခံများကပြောသည်။

ထီးချိုင့်-ကသာသွားလမ်းမှ သခွပ်ချောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားနှစ်စီး ယနေ့(စက်တင်ဘာ၃၀)နံနက်က မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

“ပင်လည်ဘူးကိုစစ်ကူသွားမယ့် အဖွဲ့က ကားနှစ်စီးမိုင်းထိတယ်။ သခွပ်ချောင်မှာ ထိတာ။ ဆေးရုံကလူတွေဆင်းခိုင်းပြီး သူတို့(စစ်ကောင်စီ) တက်နေတယ်”ဟု ယနေ့ နေ့လည်တွင် ဒေသခံတစ်ဦးကသတင်းပေးပို့သည်။

သေဆုံးသူနှင့်ဒဏ်ရာရသူစာရင်း လတ်တလော မသိရသေးပေ။ ထီးချိုင့်ဆေးရုံကို တစ်လပိတ်ရန် စစ်ကောင်စီတပ်ဖွဲ့က ညွှန်ကြားထားကြောင်းလည်း သတင်းထွက်ပေါ်နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုခုခံတော်လှန်ရေးတွင် စစ်ကောင်စီဘက်က အထိနာနေပြီး ယမန်နေ့ကလည်းထီးချိုင့်မြို့မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး အသတ်ခံလိုက်ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

သတင်း

ယနေ့ညနေ ၅နာရီခန့်တွင် ရရှိသောသတင်းအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဗိုလ်စွမ်းက ဆိုသည်။

သတင်း

ရွှေဘို - မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မိုင်းအကြိမ်ကြိမ်ဆွဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၂၀ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

သတင်း

KNU ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်တွင် အရပ်သားများ နေထိုင်ရာ ဒေသများ၌ တပ်စွဲကာ လက်နက်ကြီးများပစ်ခတ်မှု ၊ မိုင်းထောင်ထားမှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံး ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။