Connect with us

Hi, what are you looking for?

News

မိုင်းထိစစ်ကောင်စီတပ်သားများကို ဆေးကုသရန် ထီးချိုင့်ဆေးရုံတက်နေသောပြည်သူများကိုချက်ချင်ဖယ်ရှား

“ပင်လည်ဘူးကိုစစ်ကူသွားမယ့် အဖွဲ့က ကားနှစ်စီးမိုင်းထိတယ်။ သခွပ်ချောင်မှာ ထိတာ။ ဆေးရုံကလူတွေဆင်းခိုင်းပြီး သူတို့(စစ်ကောင်စီ) တက်နေတယ်”ဟု ယနေ့ နေ့လည်တွင် ဒေသခံတစ်ဦးကသတင်းပေးပို့သည်။

ထီးချိုင့်တွင် အကြမ်းဖက်စစ်ကောင်စီကားနှစ်စီး မိုင်းထိပြီးနောက် ဒဏ်ရာရသူများကို ဆေးကုရန်အတွက် ထီးချိုင့်ဆေးရုံတွင် မူလကတက်ရောက်နေသည့် အရပ်သားများကို ချက်ချင်းဖယ်ရှားခိုင်းနေသည်ဟုဒေသခံများကပြောသည်။

ထီးချိုင့်-ကသာသွားလမ်းမှ သခွပ်ချောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားနှစ်စီး ယနေ့(စက်တင်ဘာ၃၀)နံနက်က မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

“ပင်လည်ဘူးကိုစစ်ကူသွားမယ့် အဖွဲ့က ကားနှစ်စီးမိုင်းထိတယ်။ သခွပ်ချောင်မှာ ထိတာ။ ဆေးရုံကလူတွေဆင်းခိုင်းပြီး သူတို့(စစ်ကောင်စီ) တက်နေတယ်”ဟု ယနေ့ နေ့လည်တွင် ဒေသခံတစ်ဦးကသတင်းပေးပို့သည်။

သေဆုံးသူနှင့်ဒဏ်ရာရသူစာရင်း လတ်တလော မသိရသေးပေ။ ထီးချိုင့်ဆေးရုံကို တစ်လပိတ်ရန် စစ်ကောင်စီတပ်ဖွဲ့က ညွှန်ကြားထားကြောင်းလည်း သတင်းထွက်ပေါ်နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုခုခံတော်လှန်ရေးတွင် စစ်ကောင်စီဘက်က အထိနာနေပြီး ယမန်နေ့ကလည်းထီးချိုင့်မြို့မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး အသတ်ခံလိုက်ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှုးကား မိုင်းထိသွားတာကြောင့် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(U.O.C)က ဒီနေ့ မတ်လ ၈ရက်မှာ ထုတ်ပြန်ပါတယ်။