Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်မှာ စစ်တပ် စစ်ကြောင်းမှုးကား မိုင်းထိ

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှုးကား မိုင်းထိသွားတာကြောင့် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(U.O.C)က ဒီနေ့ မတ်လ ၈ရက်မှာ ထုတ်ပြန်ပါတယ်။

မတ် – ၈ ၊၂၀၂၆ /People’s Spring

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှုးကား မိုင်းထိသွားတာကြောင့် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(U.O.C)က ဒီနေ့ မတ်လ ၈ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၄ ရက် ၊ မနက် ၈ နာရီ ၄၆ မိနစ် ခန့်က က KNU ၊​ ABSDF နဲ့ U.O.C ပူးပေါင်းအင်းအားစုတွေက သိမ်ဇရမ်မြို့နယ် ၊ ကျောက်ရေတွင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်စစ်ကြောင်းရဲ့ ဗျူဟာမှုး ဒါမှမဟုတ်စစ်ကြောင်းမှုး အဆင့်ရှိသူ လိုက်ပါလာတဲ့ကားကို တိုက်ခိုက်နိုင်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်စစ်ကြောင်းပြန်လည် ဆုတ်ခွာသွားတာလို့လည်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“သိမ်ဇရပ်က အခြေစိုက်တပ်တွေကို ပြန်ဆုတ်သွားတယ်၊လောလောဆယ် အဲဒီစစ်ကြောင်း ပြန်ထွက်တာ မရှိသေးဘူး”လို့ ကျိုက်ထိုအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ခမရ-၂ နဲ့ ခလရ-၈ ပူးပေါင်းစစ်ကြောင်းဟာ သိမ်ဇရပ်-ရွှေကျင်ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အသက် ၆၀နဲ့အထက် အရပ်သားသုံးဦးသေဆုံးခဲ့တာ ရှိသလို နေအိမ်တွေလည်း ပျက်စီးခဲ့တာရှိပါတယ်။ သိမ်ဇရပ်မြို့မှာ စစ်တပ်ရဲ့ ခမရ(၂၀၇)တပ်ရင်းနဲ့အမြှောက် တပ်(၃၁၀) တပ်ရင်းတို့ အခြေစိုက်ထားပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။