Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မြို့ အာရှလမ်းမမှာ တိုက်ပွဲဖြစ်

ကနဦးကြားသိရတဲ့ သတင်းအရ အဲ့ဒီပစ်ခတ်တိုက်ခိုက်တာတွေဟာ ခွဲထွက်ဒီကေဘီအေအဖွဲ့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကြားသိရပါတယ်။

ကော့ကရိတ်မြို့အနီး အာရှလမ်းမဘက်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာရှလမ်းမပေါ်ရဲ့ ကော့ကရိတ် – ကျိုက်ဒုံသွား လမ်းဆုံဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“လက်နက်ကြီး လက်နက်ငယ် အချက် ၂၀ ကျော်လောက်ကြားရတယ်။ အာရှလမ်းထိတ်မှာ ထင်တယ်။ အခုလည်းကြားရသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကနဦးကြားသိရတဲ့ သတင်းအရ အဲ့ဒီပစ်ခတ်တိုက်ခိုက်တာတွေဟာ ခွဲထွက်ဒီကေဘီအေအဖွဲ့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကြားသိရပါတယ်။

Public Service Announcement

Public Service Announcement

အာရှလမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး လိုက်ပါစီးနင်းလာတဲ့ ယာဉ်တန်းကို ဗိုလ်ကျော်သက်ဦးဆောင်တဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မြေပြင်သတင်းရဲ့ ပေးပို့ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကော့ကရိတ်မြို့ အနီး ကမိုင်ကုန်းဘက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook