Connect with us

Hi, what are you looking for?

News

လေယာဉ်ဌားရမ်းအသုံးပြုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးဖို့စစ်ကောင်စီစီစဉ်

ဒီနေ့ နေပြည်တော်မှာ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ အဂတိဥပဒေတွေ နဲ့ စွဲထားတဲ့ အမှု ရုံးချိန်းအပြီးမှာ ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဆီကို ဆင့်ခေါ်စာ လာပေးခဲ့တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ကပြောပါတယ်။

နှစ်ရှည်ထောင်ဒဏ် ချနိုင်တဲ့အမှုပေါင်း ၁၁ မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ပုဒ်မ ထပ်တိုးဖို့စီစဉ်နေပါတယ်။

ဒီနေ့ နေပြည်တော်မှာ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ အဂတိဥပဒေတွေ နဲ့ စွဲထားတဲ့ အမှု ရုံးချိန်းအပြီးမှာ ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဆီကို ဆင့်ခေါ်စာ လာပေးခဲ့တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ကပြောပါတယ်။

အဲဒီဆင့်ခေါ်စာမှာ လေယာဉ်အသုံးပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွဲထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

“ရုံးချိန်းဆင်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ခါနီးမှာ ရဲတွေက ကျွန်တော်တို့လက်ထဲကို ဆင့်စာတခုလာထည့်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပေးပါဆိုပြီး ၊အဲတော့ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ပေးလိုက်ပါတယ် ၊ဆင့်စာကို ကျွန်တော်အကြမ်းဖျင်းကြည့်လိုက်တော့ လေယာဉ်အသုံးပြုတဲ့ကိစ္စဗျ အတိအကျတော့ကျွန်တော်မသိသေးဘူး၊ အမှုတွဲထားတယ် ” လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောတယ်။

Public Service Announcement

Public Service Announcement

ဒီအမှုတွဲထားတာဟာ အဂတိပုဒ်မ နဲ့ စွဲဆိုတာမျိုးဖြစ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက #NLD အစိုးရ ရဲ့ လူကယ်ပြန်ဝန်ကြီး #ဒေါက်တာဝင်းမြတ်အေး ကို ရဟတ်ယာဉ် ဌားရမ်းရာမှာ ဌားထားတဲ့အချိန်ပြည့်မီအောင် မစီးတဲ့အတွက် ဌားရမ်းခ နစ်နာတာ ၊ ရဟတ်ယာဉ် ဝယ်ယူရာမှာ နစ်နာတာတွေရှိတယ်ဆိုကာ အဂတိပုဒ်မ နဲ့စွပ်စွဲပြီး စစ်ကောင်စီက တရားစွဲဆိုထားတာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။