Connect with us

Hi, what are you looking for?

News

ဆောဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ

အဆိုပါတိုက်ခိုက်မှုကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင်များနှင့် ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မကွေးတိုင်း ဆောမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို ဒေသခံပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆောမြို့မှ ကချောင်းရွာဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၉ရက်က ချင်းနှင့် ယောဒေသ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးခဲ့ပြီး အလောင်းများကို စက်တင်ဘာ ၃၀ရက်ညပိုင်း၌ ဆောမြို့သို့ ပြန်လည်လာသည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“၂၉ရက်နေ့က ဖြစ်တာ ၃၀ရက်နေ့ကျမှပဲ ဆောကိုအလောင်းတွေပို့တယ်ပြောတယ်။ သူတို့ကဆောကနေ တပ်က ၃၂ယောက်လာတယ်။ ဆောမှာ ညအိပ်ပြီးမှ ကချောင်းရွာ ဘက်ကို လာတဲ့ဟာကို မိုင်းဆွဲတာ ၅လုံးပေါက်တယ်။၁၁လောင်းသေတယ် ထိခိုက်ဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင်များနှင့် ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က လက်နက်အင်အားမရှိတဲ့အတွက် ကျွန်တော်တို့ မှာ ခုခံကာကွယ်ဖို့မရှိဘဲ သူတို့တွေ မလာရဲအောင် မိုင်းပဲ အဓိက ထောင်နေရတယ်။ ချင်း CDFကို ပဲအားကိုးပြီးတော့ ချင်း CDFက လက်နက်တွေ အကောင်းစားရှိတယ်ဆိုတော့ သူတို့နဲ့ အမြဲတမ်းပူးပေါင်းတယ်။ ကန်ပက်လက် CDF ၊ မင်းတပ် CDF တို့နဲ့ ပူးပေါင်းပြီး ဒီလိုပဲ ဆောင်ရွက်နေရတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် YDF (Saw & Kyaukhtu) အဖွဲ့ဝင်အထူးပျောက်ကျားတပ်ဖွဲ့ နှင့် CAF – MGPDF အဖွဲ့ဝင်များက ဆောဘက်မှ ကျောက်ထုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၁ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ​​လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း YDFက ထုတ်ပြန်ခဲ့သည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် ဗိုလ်မှူးဘုန်းမြင့်ကျော် ဆိုသည့် အရာရှိ ပါဝင်ကြောင်း YDFက ယနေ့ ညပိုင်း၌ ထပ်မံထုတ်ပြန် သည်။

“ မေးကြည့်တာကတော့ ဆောကို သွားတဲ့သူတွေတွေ့ခဲ့ကြတယ်တဲ့ ဇရပ်မှာ ၄လောင်းချလို့တဲ့။ ဖြစ်တာက အခုမနက်စောစောလို့ ပြောတယ်။ ဖြစ်တာက ကချောင်းနဲ့ ဆောအကြားမှာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့နှင့်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook