စစ်ကောင်စီက ထုတ်ပြန်ကြေညာထားတဲ့ ကြာနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများပိတ်သိမ်းခြင်းထုတ်ပြန်ထားချက်အရ မန္တလေး အိုးဘိုထောင် ကနေ အမှုရင်ဆိုင်နေတဲ့ အချုပ်သား/သူ ၁၈၄ယောက်ကို လွှတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်ဝန်ထမ်းများထံကနေစုံစမ်းသိရပါတယ်။
မန္တလေးအိုးဘိုထောင်ကနေ သက်ဆိုင်ရာတရားရုံးတွေမှာအမှုရင်ဆိုင်နေတဲ့ အချုပ်သား/သူတွေကို ဒီကနေ့ ညနေပိုင်းက သက်ဆိုင်ရာရဲစခန်းတွေကိုပြန်လည်လွှဲပြီးလွှတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးအိုးဘိုထောင်က လွှတ်ပေးလိုက်တဲ့ ၁၈၄ဦးဟာ မတ္တရာ၊ စစ်ကိုင်း၊ မြစ်သား၊ စဉ့်ကိုင် ၊ ကျောက်ဆည် စတဲ့ မြို့တွေက တရားရုံးတွေမှာ အမှုရင်ဆိုင်နေတဲ့သူတွေလည်းပါဝင်တယ်။
ကိုဗစ်ကာလ ကန်သတ်မှုတွေကြောင့် အမှုစစ်ဆေးဖို့ ကြာမြင့်နေတဲ့ စစ်ဆေးဆဲအမှုများကို အမှုပိတ်သိမ်းပြီး တရားခံများအား လွတ်ပေးရန် အမိန့်ထုတ်ပြန်ထားတာပါ။

Public Service Announcement
ဒီလိုလွှတ်ပေးတဲ့အထဲမှာတော့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေ မပါဝင်ဘူးလို့သိရပါတယ်။


















































