Connect with us

Hi, what are you looking for?

News

ဘားအံမှာ BGF နဲ့စစ်​ကောင်စီတပ်​တွေ​ပေါင်းပြီးစစ်​ဆေးဖမ်းဆီးတာ​တွေလုပ်​နေ

အောက်တိုဘာ ၁ ရက်က ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေးဂိတ်မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ယာဉ်တွေကို ရှာဖွေစစ်ဆေးတာ၊ ခရီးသွားပြည်သူအပေါ် မောက်မာခက်ထန်စွာ ပြောဆိုဆက်ဆံနေတယ်လို့ ခရီးသွားတစ်ဦးထံကပြောပါတယ်။

ဘားအံမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေက အခုရက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေ ပိုလုပ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အောက်တိုဘာ ၁ ရက်က ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေးဂိတ်မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ယာဉ်တွေကို ရှာဖွေစစ်ဆေးတာ၊ ခရီးသွားပြည်သူအပေါ် မောက်မာခက်ထန်စွာ ပြောဆိုဆက်ဆံနေတယ်လို့ ခရီးသွားတစ်ဦးထံကပြောပါတယ်။

ဘားအံမြို့ပေါ်မှာ အခုလို နယ်ခြားစောင့်တပ်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးတာတွေမှာ ပူးပေါင်ပါဝင် ပိုမိုလုပ်ဆောင်လာတဲ့အပေါ်မှာတော့ ပြည်သူတစ်ဦးအနေနဲ့ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဘားအံမြို့ခံတစ်ဦးက ဆိုပါတယ်။

“လုံးဝလက်မခံနိုင်စရာပါ။ အထက်အမိန့်ဆိုပေမဲ့ လိမ်မာပါးနပ်စွာနဲ့ ပြည်သူကို အထောက်အပံ့မဖြစ်ရင်တောင် ဒုက္ခမဖြစ်အောင် ကူညီဆောင်ရွက်ပေးရမှာ” လို့ ဘားအံမြို့ခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် ဘားအံမြို့ခံတစ်ဦးဖြစ်သူကလည်း နယ်ခြားစောင့်တပ်တွေဟာ ရှာဖွေစစ်ဆေးတာနဲ့ ဖမ်းဆီးမှုတွေမှာ အခုလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ပိုမိုလုပ်ဆောင်လာအပေါ်မှာလည်း ပြည်သူတစ်ဦးအနေနဲ့ လုံးဝမကြိုက်ဘူးလို့ သုံးသပ်သွားပါသေးတယ်။

“အာဏာနဲ့အုပ်ချုပ်ဆက်ဆံတာကို လုံးဝလက်မခံနိုင်ဘူး။ ကရင်လူမျိုးကောင်းစားရေးဆိုပြီး အော်နေပြီး ကိုယ့်လူမျိုးကိုပဲ ဂုတ်သွေးစုပ်နေတာ။ လက်နက်နဲ့ အာဏာပြခြင်နေတယ်ဆိုတာကတော့ လက်ရှိပေမဲ့ ဆင်ခြင်နိုင်တဲ့ စစ်စည်းကမ်းကလည်း မရှိ။ အကောင်းအဆိုးခွဲခြားနိုင်တဲ့ အသိပညာကလည်း မပါတော့ ရိုင်းစိုင်းစွာပြောဆို အာဏာပြတော့တာပဲ။ အဲ့လို လုပ်ရပ်က သူတို့အကျွမ်းကျင်ဆုံးအလုပ်ပဲ” ဘားအံမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသွားပါတယ်။

ဘားအံမြို့မှာ BGF က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးတာ၊ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရှာဖွေဖမ်းဆီးတာနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့တွေက အလိုရှိတဲ့လူတွေကို လိုက်လံဖမ်းဆီးမှုတွေရှိတဲ့အခါမှာလည်း ပါဝင်နေတယ်လို့ ဘားအံမြို့ခံတွေထံကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူက ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီအာဘော်သတင်းဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook