Connect with us

Hi, what are you looking for?

News

မန္တလေး သံဃာသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းဖမ်းဆီးပြီးနောက် ဘုန်းကြီးကျောင်းအချို့ကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

“အခုတော့ တချို့ကိုယ်တော်တွေလည်းရှောင်နေကြတယ်။ ဖမ်းခံလိုက်ရတဲ့ကိုယ်တော် ၅ဦးထပ်တော့ မနည်းဘူး။ လူတချို့လည်းပါသွားကြတယ်။”ဟု ဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြနေတဲ့ မန္တလေး က သံဃာသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုးခွင်းခံရပြီး ဆန္ဒပြသံဃာတော် ၅ဦးခန့်နဲ့ လူအချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။

သံဃာသမဂ္ဂသပိတ်စစ်ကြောင်းဟာ ဒီနေ့ မွန်းလွဲပိုင်း ၂နာရီလောက်က မဟာအောင်မြေမြို့နယ် ရွှေဘိုကျောင်း အနီးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေချိန် ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသံဃာတွေထံကနေစုံစမ်းသိရပါတယ်။

“အခုတော့ တချို့ကိုယ်တော်တွေလည်းရှောင်နေကြတယ်။ ဖမ်းခံလိုက်ရတဲ့ကိုယ်တော် ၅ဦးထပ်တော့ မနည်းဘူး။ လူတချို့လည်းပါသွားကြတယ်။”ဟု ဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။

လာရောက်ဖမ်းဆီးချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားပါလာပြီး ထပ်မံကာ အရပ်ဝတ်တွေနဲ့ ပါရောက်ရှိလာတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ စိန်ပန်းရပ်ရှိ ဘုန်းကြီးကျောင်းအချို့မှာ ဆန္ဒပြ သံဃာတွေရှိနေနိုင်တယ်လို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်ကလည်း သံဃာသမဂ္ဂစစ်ကြောင်းကနေ လိုက်ပါဆန္ဒပြလေ့ရှိတဲ့ ကင်းဝန်မင်းကြီးကျောင်းတိုက် က ဆရာတော် ဦးပညာသီဟ ကို ကျောင်းအတွင်းဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။