Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အနည်းဆုံး နှစ်ဦးသေ

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ KA၊ KNDF ဘက်ကမူ ထိခိုက်ကျဆုံးမှုမရှိကြောင်း KA၊ KNDF အဖွဲ့က ဆိုသည်။

ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA၊KNDF တို့ ယနေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားအနည်းဆုံး နှစ်ဦးသေဆုံးကြောင်း KNDFက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ၂ရက် ညနေ ၅ နာရီခန့်က ဒီးမော့ဆိုမြို့နယ်၊ ထီးလွီးဘီလာနှင့် ငွေတောင်ရွာသစ်ကျေးရွာ အကြားတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် KA၊ KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ၁နာရီနားပါးခန့်ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်များဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု ကရင်နီတပ်မတော်က အသိပေးသည်။

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ KA၊ KNDF ဘက်ကမူ ထိခိုက်ကျဆုံးမှုမရှိကြောင်း KA၊ KNDF အဖွဲ့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် ငုပလော့ကန်ဘက်မှ တစ်ကြောင်း နှင့် ဒေါတမငယ်၊ ခြေရာတော်ဘုရားတောင်ဘက်မှ တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း နှစ်ကြောင်းဖြင့် ငွေတောင်ရွာသစ်ဘက်သို့ ထိုးစစ်ဆင်လျက်ရှိပြီး တိုက်ပွဲအပြီး ငွေတောင်ရွာသစ်ကျေးရွာအနီးရှိ တောင်ပေါ်တွင်တပ်စွဲလျက်ရှိကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနက အသိ ပေးထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီးမောဆို PDF၊ KA နှင့် KNDFတို့သည် စက်တင်ဘာ ၂၉ ရက်က လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDFတို့နှင့်ပူးပေါင်းကာ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ၊ လင်ဖုံလေး လမ်းခွဲ တစ်လျှောက် စစ်ကြောင်းထိုးလာသော စစ်ယာဥ်တန်း ၄၀ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ကုန်းသာကျေးရွာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲသည် ၁၀နာရီခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ဒဏ်ရာရရှိသည်။

ဖယ်ခုံနှင့် ဒီးမော့ဆိုPDFတို့မှ ငါးဦးမှာလည်း ပြည်သူ များနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ၂ ရက်တွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားခြင်း ၊ဒေသခံကာကွယ်ရေးတပ်များကမိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသော သတင်းများအရ ကရင်နီဒေသ ၊ကရင်ပြည်နယ် ၊ကချင်ပြည်နယ်တို့တွင်လည်း ယနေ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၂ ရက်တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်မတော်သား ၈ ဦးနှင့် ပြည်သူ့ရဲ ၁၁ ဦးရှိကြောင်း NUGက ထုတ်ပြန်သည်။

(ဓါတ်ပုံ- စက်တင်ဘာ ၂၅ ၊၂၆ ရက်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးပြီး လက်နက် ၊ခဲယမ်းနှင့်အသုံးအဆောင်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များကသိမ်းဆည်းနိုင်ခဲ့သည်။ )

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။