Connect with us

Hi, what are you looking for?

News

မြန်မာပြည် ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီး ထပ်မံတောင်းဆို

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ၊ ပြည်သားတွေ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ရင်ဆိုင်နေရတဲ့ကပ်ဘေးတွေ အမြန်ဆုံးကင်းဝေးဖို့ ပုပ်ရဟန်းမင်းကြီးဖရန် ဆစ်က မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ - CBCM OSC

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ နှစ်ပေါင်းများစွာ ပဋိပက္ခနဲ့ နှိပ်စက်မှုတွေ့ကြုံနေခဲ့တဲ့မြန်မာပြည်အတွက် ငြိမ်းချမ်းရေးရရှိဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒီနေ့ စိန့်ပီတာရင်ပြင် စုဝေးဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြီးခဲ့တဲ့နှစ်များအတွင်း ဆိုးရွားနာကျင်မှုတွေကို ခံစားခဲ့ရတဲ့ ချစ်ခင်ရသော တိုင်းပြည်အတွက် ဘုရားသခင်ထံမှ ငြိမ်းချမ်းရေးလက်ဆောင်ကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

“အဲဒီအရပ်(မြန်မာပြည်)မှာနေထိုင်သူတွေရဲ့ လက်တွေဟာ နာကျင်မှုနဲ့ သေခြင်းတရားရဲ့ မျက်ရည်တွေကို မဖြည်ဆည်နိုင်တော့ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေကို အတူတကွ ကျော်လွှားနိုင်ပြီး ရောက်ရှိလာမယ့် ငြိမ်းချမ်းရေးအတွက်အတူတကွ စွမ်းဆောင်နိုင်ပါစေ” လို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ၊ ပြည်သားတွေ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ရင်ဆိုင်နေရတဲ့ကပ်ဘေးတွေ အမြန်ဆုံးကင်းဝေးဖို့ ပုပ်ရဟန်းမင်းကြီးဖရန် ဆစ်က မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ပုပ်ရဟန်းမင်းကြီးက မြို့ခံတွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ်ကို လူပေါင်း ၇ သိန်းလောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

Trending

Facebook