Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည် ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီး ထပ်မံတောင်းဆို

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ၊ ပြည်သားတွေ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ရင်ဆိုင်နေရတဲ့ကပ်ဘေးတွေ အမြန်ဆုံးကင်းဝေးဖို့ ပုပ်ရဟန်းမင်းကြီးဖရန် ဆစ်က မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ - CBCM OSC

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ နှစ်ပေါင်းများစွာ ပဋိပက္ခနဲ့ နှိပ်စက်မှုတွေ့ကြုံနေခဲ့တဲ့မြန်မာပြည်အတွက် ငြိမ်းချမ်းရေးရရှိဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒီနေ့ စိန့်ပီတာရင်ပြင် စုဝေးဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြီးခဲ့တဲ့နှစ်များအတွင်း ဆိုးရွားနာကျင်မှုတွေကို ခံစားခဲ့ရတဲ့ ချစ်ခင်ရသော တိုင်းပြည်အတွက် ဘုရားသခင်ထံမှ ငြိမ်းချမ်းရေးလက်ဆောင်ကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

“အဲဒီအရပ်(မြန်မာပြည်)မှာနေထိုင်သူတွေရဲ့ လက်တွေဟာ နာကျင်မှုနဲ့ သေခြင်းတရားရဲ့ မျက်ရည်တွေကို မဖြည်ဆည်နိုင်တော့ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေကို အတူတကွ ကျော်လွှားနိုင်ပြီး ရောက်ရှိလာမယ့် ငြိမ်းချမ်းရေးအတွက်အတူတကွ စွမ်းဆောင်နိုင်ပါစေ” လို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ၊ ပြည်သားတွေ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ရင်ဆိုင်နေရတဲ့ကပ်ဘေးတွေ အမြန်ဆုံးကင်းဝေးဖို့ ပုပ်ရဟန်းမင်းကြီးဖရန် ဆစ်က မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးဟာ နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေး အကျပိုင်းကို ရောက်နေပြီး မတ်လတုန်းကလည်း အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့ အခြေအနေ တခုကြောင့် ဆေးရုံ တက်ခဲ့ရဖူးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

အီတလီ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သလို လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ခံရသူ မယ်လိုနီဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းက ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် မပတ်သက်ချင်တဲ့ အဓိပ္ပါယ်မျိုး ပြောဆိုခဲ့ဖူးပါတယ်။