ဝက်လက်မြို့နယ်တွင် ယမန်နေ့ကအာဏာသိမ်း စစ်ကောင်စီတပ်သားများ
နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ရဲနှစ်ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးနိုင်ငံနှင့်ပြည်သူများအတွက် အသက်ပေးလှုခဲ့ရကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၃ ရက်နံနက် ၉ နာရီခန့်က ရှိမ်းမကားရွာမှ ဆိုင်ကယ်များဖြင့် ထွက်လာသောစစ်သားနှင့်ရဲသားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဝက်လက် မှ ဖိုးဝင်းတပ်ကျေးရွာအနီးတွင် စောင့်ကြို တိုက်ခိုက်ခဲ့ရာ နာရီဝက်ကျော်ကြာတိုက်ပွဲဖြစ်ခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဝက်လက်မှ သူရဲကောင်းတစ်ဦး အဖမ်းခံရပြီး ရှိမ်းမကားစခန်းထဲတွင် စစ်သားနှင့်ရဲသားများက နှိပ်စက်မှုကြောင့် ကျဆုံးသွားပြီး စစ်ကောင်စီဘက်မှလည်း ရဲသားနှစ်ယောက် သေဆုံးသွားကြောင်း ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဝက်လက်မြို့နယ်တွင် ရုံးပင်ကုန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးသည် အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီဝန်းကျင်က သတ်ဖြတ်ခံခဲ့ရပြီး အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက အဆိုပါရွာသို့ စစ်ကောင်စီတပ်သားများ လာရောက်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးအား ဝက်လက်အခြေစိုက် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့နှင့် ဝက်လက်လျှပ်စီးအဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement
ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများ ယနေ့ပြင်ပသို့ အတက်နိူင်ဆုံး မထွက်ကြရန် ဝက်လက်ဗကသအဖွဲ့က သတိပေးထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်များသည် ဝက်လက်မြို့နယ်၊ မြင်းသည်အုပ်စု ရွှေဘုံသာ
ကျေးရွာရှိ နေအိမ်နှစ်လုံးအား ဝင်ရောက်မွှေနှောက်ပြီးဆန်၊ဆီ ကိုးပုံး၊ ဗီရို နှင့် အခြားအိမ်သုံးပစ္စည်းများအားသယ်ဆောင်သွားပြီး နေအိမ်တစ်လုံးအား စက်တပ်လွှစက်ဖြင့် ဖြိုဖျက်သွားခဲ့သည်။
မြင်းသည်ရွာမြောက်ပိုင်းရှိ နေအိမ်တစ်လုံးကိုလည်းဝင်ရောက်မွှေနှောက်သွားကြောင်း ဝက်လက်နယ်ခံများက ပြောသည်။


















































