Connect with us

Hi, what are you looking for?

News

ကရင်နီ စစ်​ဘေးဒုက္ခသည်များကို Free Burma Ranger-Karenniက သွား​ရောက်ကူညီ

ကယားပြည်နယ်၌ အာဏာသိမ်းစစ်ကောင်စီကို ​ခုခံတိုက်ပွဲဆင်နွှဲမှုမှာစက်တင်ဘာလကစ၍ ပိုမိုအရှိန်မြင့်လာပြီး အာဏာသိမ်းစစ်တပ်ကလည်း အင်အားတိုးချဲ့၍ ထိုးစစ်ဆင်မှုများပြုလုပ်ကာ ကျေးရွာလူနေအိမ်များကို မီးရှို့ခြင်း မိုင်းထောင်ခြင်း နှင့် ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အာဏာရှင်တွန်းလှန်ရင်း ဘေးလွတ်ရာတောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေရသောစစ်​ဘေး​ဒုက္ခသည် ပြည်သူများဆီ အရောက်သွား၍ အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်အချို့အပါအဝင် ခွန်အားပေးနှစ်သိမ့်မှုအစီအစဥ်ပြုလုပ်ခဲ့ကြောင်း Free Burma Ranger-Karenni က ထုတ်ပြန်သည်။

“စစ်ရှောင်စခန်းတိုင်းလိုလို ဖျားနာနေကြတာ။ ဆေးဝါးအလုံအလောက်မပို့ပေးနိုင်သေးပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပေးပါတယ်။ခက်ခဲကြပ်တည်းတဲ့ဒီလိုကာလမှာ ကိုယ်ကိုတိုင်က ပြုံးပျော်ဖို့အလွန်ခက်ခဲပေမဲ့ စစ်ရှောင်ပြည်သူတွေရှေ့မှာ ကြိုးစားခဲ့တယ်”ဟု Free Burma Ranger – Karenni အဖွဲ့က ပြောသည်။

ကယားပြည်နယ်၌ အာဏာသိမ်းစစ်ကောင်စီကို ​ခုခံတိုက်ပွဲဆင်နွှဲမှုမှာစက်တင်ဘာလကစ၍ ပိုမိုအရှိန်မြင့်လာပြီး အာဏာသိမ်းစစ်တပ်ကလည်း အင်အားတိုးချဲ့၍ ထိုးစစ်ဆင်မှုများပြုလုပ်ကာ ကျေးရွာလူနေအိမ်များကို မီးရှို့ခြင်း မိုင်းထောင်ခြင်း နှင့် ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည်။

ဒီးမော့ဆို၊လွိုင်ကော်၊ဖယ်ခုံ၊လွိုင်လင်လေး၊မိုးဗြဲ၊ ဘောလခဲ ၊ ဖရူဆို နှင့် ဖားဆောင်းမြို့နယ်များ၌ အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲများရှိနေသည်ဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်​ဘေးဒုက္ခသည်ပြည်သူအရေအတွက်မှာ နေ့စဥ်တိုးလာနေပြီး ဒုက္ခသည် ၃၀,၀၀၀ ကျော်ရှိနေပြီဖြစ် ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

Trending

Facebook