Connect with us

Hi, what are you looking for?

News

ကေအဲန်ယူ တပ်မဟာ(၁)နယ်​မြေထဲမှာက ကျိုက်ထီးရိုး​စေတီ​တော်ကို စစ်​ကောင်စီ ပြန်ဖွင့်ဖို့စီစဥ်​နေတယ်

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က မွန်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးဇော်လင်းထွန်းပါဝင်တဲ့အဖွဲ့တွေဟာ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားကို သွားရောက်ခဲ့ပြီး အခုလို ကျိုက်ထီးရိုးဗုဒ္ဓပူဇနိယပွဲတော်ရာသီကို သီတင်းကျွတ်လပြည့်အမီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ။

ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ (၁)နယ်မြေထဲမှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲကို သီတင်းကျွတ် လပြည့်နေ့အမှီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီက ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံ ပြန်ဆက်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က မွန်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးဇော်လင်းထွန်းပါဝင်တဲ့အဖွဲ့တွေဟာ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားကို သွားရောက်ခဲ့ပြီး အခုလို ကျိုက်ထီးရိုးဗုဒ္ဓပူဇနိယပွဲတော်ရာသီကို သီတင်းကျွတ်လပြည့်အမီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ။

ဒီလိုပြန်လှည်ဖွင့်လှစ်ရာမှာ ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက်စည်ကမ်းချက်တွေနဲ့အညီ ဖြစ်စေဖို့နဲ့ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းအဖွဲ့တွေအနေနဲ့ ခရီးသွားပြည်သူတွေကို ယဉ်ကျေးသိမ်မွေ့စွာပြောဆိုဆက်ဆံဖို့ အကြမ်းဖက်စစ်ကောင်စီ ပြည်နယ်ဥက္ကဌ ဦးဇော်လင်းထွန်းက ပြောကြားခဲ့တယ်လို့ ပြန်ဆက်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို ကျိုက်ထီးရိုးဘုရားကို အကြမ်းဖက်စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ပေးဖို့စီစဉ်တာဟာ ပြည်သူတွေကို တော်လှန်ရေး၊ နိုင်ငံရေးဘက်မှာ အာရုံမရောက်စေဖို့အတွက် လုပ်ဆောင်နေတဲ့လှည့်ကွက်တစ်ခုဖြစ်ပြီး ဒီလိုအချိန်အခါမှာ မသွားသင့်ဘူးလို့ မွန်ပြည်နယ်ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

” ဒီအချိန်ကတော့ မသွားသင့်သေးဘူ။ အကုန်လုံး အစစအရာရာ ဈေးကြီးနေတဲ့အချိန်မှာ မသွားသင့်ဘူး။ လမ်းကြောင်းလုံခြုံရေးအခြေအနေကလည်းမကောင်း။ တောင် အခုတက်မယ်ဆို ဆီဈေးတွေကြီးနေတယ်။ တောင်တက်ကားခ အစစအရာရာ အကုန်လုံး ဈေးတက်မယ်။ ရောဂါကလည်း အပြည့်အ၀ ထိန်းချုပ်နိုင်သေးတာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် ပြည်သူတွေက ဒီဘုရားပွဲတို့ ဘာသာရေးဘက်ကို သွားပြီးတော့ တည်ငြိမ်မှုပုံရိပ်ပြချင်တာလည်း ပါမှာပေါ့။ အဲ့လိုသဘောလို့ပဲထင်တယ်။ ဘုရားပွဲကျင်းပလည်း လူထုတွေကတော့ ဘယ်လိုမှစိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်မှာမဟုတ်ဘူး။ အကောင်းနဲ့အဆိုးနဲ့ကို ချိန်ကြည့်မယ်ဆိုရင်လည်း ဒီခရီးကိုသွားလို့ ကောင်းတာဘက်ကိုများလား ဆိုးတာဘက်ကိုများလားဆိုတာ ဒီအချိန်မှာစဉ်းစားကြည့်ရင်သိပါတယ်။ ဆိုးတာဘက်ကိုပိုများတယ်ဆိုတော့ မသွားသင့်ဘူးလို့ ထင်ပါတယ်” လို့ မွန်ပြည်နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပေမယ့် တဖက်မှာတော့ ကျိုက်ထီးရိုးဘုရားတည်ရှိရာ နေရာဒေသတစ်ဝိုက်မှာ KNLA တပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြှော်နေတဲ့ ဘုရားဖူးတွေက တစ်ရက်ကို ၁၀၀ ကျော်ကနေ ၂၀၀ ကျော်အထိရှိနေပြီး ကျိုက်ထီးရိုးတောင်တော်ဖွင့်ပွဲအတွက် ဂေါပကအဖွဲ့တွေက သန့်ရှင်းရေးတွေ ကြိုတင်လုပ်ဆောင်နေတယ်လို့ ဂေါပက ပြန်ကြားရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook