Connect with us

Hi, what are you looking for?

News

ရွှေစျေးနှင့် ဒေါ်လာစျေး မတည်ငြိမ်ဖြစ်နေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အောက်တို ဘာ ၅ ရက်မနက်ပိုင်းတွင် အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈သိန်းခွဲဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင်း ၁,၈၉၀,၀၀၀ကျပ်ပြန်လည် သတ်မှတ်ခဲ့သည်။

ဈေးကွက်အတွင်း ရွှေဈေးနှင့် ဒေါ်လာဈေး အတက် ၊အကျများပြီး ဈေးနှုန်းမတည်ငြိမ်ဖြစ်နေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

အခေါက်ရွှေတစ်ကျပ်သားကို ၂၂သိန်းကျော်မြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဈေးသည် တစ်ပတ်အတွင်း ကျပ် ၁၉ သိန်းအောက်ကို ပြန်လည်ကျဆင်းလာပြီး ဒေါ်လာဈေးလည်း ကျပ် ၂,၀၀၀ကို ပြန်လည်ကျဆင်းလာသည်ဟု ငွေကြေးဈေးကွက်နှင့် ရွှေလုပ်ငန်းရှင်များထံမှာ သိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အောက်တို ဘာ ၅ ရက်မနက်ပိုင်းတွင် အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈သိန်းခွဲဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင်း ၁,၈၉၀,၀၀၀ကျပ်ပြန်လည် သတ်မှတ်ခဲ့သည်။

ဒေါ်လာဈေးကိုလည်း ငွေလဲကောင်တာများက အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာကို ၂,၂၀၀ကျပ် ကျော်သတ်မှတ်ခဲ့ပြီး ညနေပိုင်းတွင် ၁,၉၅၀ကျပ်ဈေးသတ်မှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ငွေလဲကောင်တာတွေက ဈေးနှိမ့်ပြီးဖွင့်နေတယ်။ သူတို့မှာ ရောင်းရင် ရတယ်။ ပြန်ဝယ်ရင် မရောင်းဘူး၊ အောက်ကြေးကို ဆွဲပြီးဈေးဖွင့်နေတယ်”ဟု ကမာရွတ်မြို့နယ်မှ ငွေလဲလုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

စက်တင််ဘာလ ၂၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၂,၂၂၀,၀၀၀ကျပ်နှင့် အမေရိကန်တစ်ဒေါ်လာကို ၂,၈၀၀ကျပ်မြင့်တက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းနှင့် ငွေလဲကောင်တာများက ရွှေဈေး၊ဒေါ်လာများ ပြန်ကျရန် လုပ်ဆောင်နေသည်ဟု ရွှေနှင့်ဒေါ်လာအရောင်းအဝယ်သမားကဆိုသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးများ မြင့်တက်လာချိန်တွင် ရွှေများကို ထုတ်ရောင်းခြင်းနှင့် နေ့စဉ်အဖွင့်ဈေးကို အောက်ဈေးဖြင့်ဖွင့်ခြင်းတို့ လုပ်ဆောင်နေသည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ရန်ကုန်ရွှေအသင်းက အဖိုးကြီးတွေက စစ်တပ်ကိုကြောက်လို့ ရွှေဈေးကျအောင် တနင်္ဂနွေတောင် ရုံးခန်းဖွင့်ပြီး ဈေးကို မတရားဆွဲချနေတာ ဒါကြောင့် ရွှေဈေးက အတက်အကျဖြစ်နေတာ”ဟု ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာဈေးကျဆင်းစေရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀ အတွင်း ရောင်းချရန် ဖိအားပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်ရွှေအသင်းဥက္ကဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။