Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယားပြည်နယ်တွင် စစ်​ကောင်စီတပ်က အရပ်သားကားများကိုအသုံးပြု၍ စစ်ကူပို့​နေ

စစ်ကောင်စီက အရပ်သားကားများဖြင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို -ဖားဆောင်လမ်း လမ်းမကြီးအတိုင်း လှုပ်ရှားနေကြောင်းလည်း KNDFက အတည်ပြုသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ စစ်အင်အားဖြည့်တင်းရန်နှင့် ရှေ့တန်းတပ်များသို့ စစ်ကူပို့ရာတွင် အရပ်သားကားများအသုံးပြုနေကြောင်း ကရင်နီအမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

စစ်ကောင်စီက အရပ်သားကားများဖြင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို -ဖားဆောင်လမ်း လမ်းမကြီးအတိုင်း လှုပ်ရှားနေကြောင်းလည်း KNDFက အတည်ပြုသည်။

“အခုရက်ပိုင်း ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား ဖြစ်မလာသေးဘူး။အဲဒါက ပိုပြီး သတိပြုရတဲ့အခါမှာ သူတို့အနေနဲ့က ဗျူဟာ အရသေချာပြင်ဆင်နေတယ်။အဲဒီထဲကမှ စစ်တပ်က အရပ်သားကားသုံးပြီး လှုပ်ရှားတာ များလာတယ်”ဟု KNDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လွိုင်ကော်၊ဒီးမော့ဆို၊ဖရှုဆို၊ဘောလခဲနှင့် ဖားဆောင်းမြို့နယ်အတွင်းရှိ လမ်းကြီးနှင့် လမ်းပိုင်းအတွင်း ခရီးသွားလာပါက ကားမှန်အလုံပိတ်၍ သွားလာခြင်းမပြုဘဲ ကားမှန်ချထားရန်လည်း အထူးသတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုဒေသများတွင်လည်း လှုပ်ရှားနေသော တော် လှန်ရေးပျောက်ကျားတပ်များနှင့် ပြည်သူ့ ကာ ကွယ်ရေးတပ်များက လုံခြုံရေးအရစောင့်ကြည့်သွားမည်ဟု အသိပေးသည်။

စက်တင်ဘာလအတွင်းကစ၍ အာဏာသိမ်းစစ်တပ်က ကယားပြည်နယ်ကို စစ်ရေးအရ အင်းအား အများအ ပြားဖြင့်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီ တပ်သားအများအ ပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့သည်။

ကယားပြည်နယ်၌ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ လွိုင်လင်လေး ၊မိုးဗြဲ၊ ဘောလခဲ ၊ ဖရူဆို နှင့် ဖားဆောင်းမြို့နယ်များ၌ အာဏာသိမ်း စစ်ကောင်စီ နှင့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူအရေအတွက်မှာ ​လေးသောင်းခန့်ရှိနေပြီဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။