Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်တွင် စစ်​ကောင်စီတပ်က အရပ်သားကားများကိုအသုံးပြု၍ စစ်ကူပို့​နေ

စစ်ကောင်စီက အရပ်သားကားများဖြင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို -ဖားဆောင်လမ်း လမ်းမကြီးအတိုင်း လှုပ်ရှားနေကြောင်းလည်း KNDFက အတည်ပြုသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ စစ်အင်အားဖြည့်တင်းရန်နှင့် ရှေ့တန်းတပ်များသို့ စစ်ကူပို့ရာတွင် အရပ်သားကားများအသုံးပြုနေကြောင်း ကရင်နီအမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

စစ်ကောင်စီက အရပ်သားကားများဖြင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို -ဖားဆောင်လမ်း လမ်းမကြီးအတိုင်း လှုပ်ရှားနေကြောင်းလည်း KNDFက အတည်ပြုသည်။

“အခုရက်ပိုင်း ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား ဖြစ်မလာသေးဘူး။အဲဒါက ပိုပြီး သတိပြုရတဲ့အခါမှာ သူတို့အနေနဲ့က ဗျူဟာ အရသေချာပြင်ဆင်နေတယ်။အဲဒီထဲကမှ စစ်တပ်က အရပ်သားကားသုံးပြီး လှုပ်ရှားတာ များလာတယ်”ဟု KNDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လွိုင်ကော်၊ဒီးမော့ဆို၊ဖရှုဆို၊ဘောလခဲနှင့် ဖားဆောင်းမြို့နယ်အတွင်းရှိ လမ်းကြီးနှင့် လမ်းပိုင်းအတွင်း ခရီးသွားလာပါက ကားမှန်အလုံပိတ်၍ သွားလာခြင်းမပြုဘဲ ကားမှန်ချထားရန်လည်း အထူးသတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုဒေသများတွင်လည်း လှုပ်ရှားနေသော တော် လှန်ရေးပျောက်ကျားတပ်များနှင့် ပြည်သူ့ ကာ ကွယ်ရေးတပ်များက လုံခြုံရေးအရစောင့်ကြည့်သွားမည်ဟု အသိပေးသည်။

စက်တင်ဘာလအတွင်းကစ၍ အာဏာသိမ်းစစ်တပ်က ကယားပြည်နယ်ကို စစ်ရေးအရ အင်းအား အများအ ပြားဖြင့်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီ တပ်သားအများအ ပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့သည်။

ကယားပြည်နယ်၌ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ လွိုင်လင်လေး ၊မိုးဗြဲ၊ ဘောလခဲ ၊ ဖရူဆို နှင့် ဖားဆောင်းမြို့နယ်များ၌ အာဏာသိမ်း စစ်ကောင်စီ နှင့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူအရေအတွက်မှာ ​လေးသောင်းခန့်ရှိနေပြီဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Facebook