Connect with us

Hi, what are you looking for?

LuduNwayOo

News

ပါဆယ်ထုပ်နဲ့ လူမဲ့တန်ဆာ​တွေကို စစ်​ကောင်စီတပ်​တွေ ဖွင့်​ဖောက်စစ်​ဆေး​နေ

အခုလို ပါဆယ်ထုတ်တွေနဲ့ လူမဲ့တန်ဆာတွေကို လိုက်လံစစ်ဆေးနေတဲ့အပေါ် အွန်းလိုင်ရှော့ပင်လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ ဘားအံမြို့ခံတစ်ဦးကတော့ သူ့အတွက်လုံးဝအဆင်မပြေဘူးလို့ အခုလိုပဲပြောပါတယ်။

လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ပါဆယ်ထုတ်နဲ့ လူမဲ့တန်ဆာတွေမှာ ပို့နိုင်တယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့က ဘားအံမြို့ အဝေးပြေးကားဂိတ်နဲ့ သံလွင်တံတားဂိတ်တွေမှာ ခရီးသည်တင်ယာဉ်တွေကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

ဘားအံမှာ လူမဲ့တန်ဆာနဲ့ ပါဆယ်ထုတ်တွေကို ရှာဖွေစစ်ဆေးနိုင်ဖို့အတွက် မြို့နယ်ရဲ ထွေအုပ်အစရှိတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က စတင်ဖွဲ့စည်းလိုက်တာပါ။

အဲ့ဒီလို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးတဲ့နောက် အဝေးပြေးကားဂိတ်နဲ့ သံလွင်တံတားစစ်ဆေးရေးဂိတ်တွေမှာ ခရီးသည်တင်ယာဉ်တွေမှာပါလာတဲ့ ပါဆယ်ထုတ်နဲ့ လူမဲ့တန်ဆာတွေကို သေသေချာချာဖွင့်ဖေါက် စစ်ဆေးခဲ့တာပါ။

“ကားဂိတ်မှာလည်း စစ်ဆေးတယ်။ သံလွင်တံတားဂိတ်မှာလည်း စစ်ဆေးတယ်။ ကားဂိတ်မှာ စစ်ထားပြီးလို့ရှိရင် တံတားဂိတ်ရောက်ရင် မစစ်တော့ဘူ။ ဒီပါဆယ်ထုပ်တွေကို စစ်ဆေးပြီးကြောင်း လက်မှတ်တော့ပြရတာပေါ့။ အဓိက က လက်နက်ခဲယမ်းတွေ ဗုံးတွေ ဖေါက်ခွဲရေးပစ္စည်းတွေ ပါမပါ ရှိမရှိ စစ်ဆေးတာပေါ့” လို့ စစ်ကောင်စီရဲတပ်သားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ပါဆယ်ထုတ်တွေနဲ့ လူမဲ့တန်ဆာတွေကို လိုက်လံစစ်ဆေးနေတဲ့အပေါ် အွန်းလိုင်ရှော့ပင်လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ ဘားအံမြို့ခံတစ်ဦးကတော့ သူ့အတွက်လုံးဝအဆင်မပြေဘူးလို့ အခုလိုပဲပြောပါတယ်။

“ကိုယ်က ဥပဒေနဲ့ မလွတ်ကင်းတာမလုပ်တဲ့အတွက် ဖောက်စစ်လည်းရပါတယ်။ ဒါပေမဲ့ ကိုယ့်ပစ္စည်းတွေတော့ မပျက်စီရင် အဆင်ပြေတာပေါ့။ တချို့ကျတော့ အဆင်မပြေပါဘူး။ အဝတ်အစားတွေဆို ပျက်စီးကုန်တယ်။ တချို့ပစ္စည်းတွေကျတော့ Custom Duty မဆောင်ထားမိရင် တရားမဝင်ပစ္စည်းလို့ သတ်မှတ်လိုက်လို့ ကုန်သည်တစ်ယောက်အနေနဲ့ကတော့ လက်တွန့်မိပါတယ်။ Custom ရုံးတွေဆိုလည်း ဒီခေတ်ကာလ အခြေအနေနဲ့ အလျင်မီအောင် မဆောင်ရွက်ပေးနိုင်လို့ စိတ်ညစ်ရပါတယ်။ တချို့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း Packing က အရေးကြီးဆုံးဖြစ်တဲ့အတွက် ဖောက်စစ်မယ်ဆို ညီမတို့အတွက် အဆင်မပြေပါ။ အရင်ကလည်း စစ်ပေမယ့် ဒီလောက်ပုံမပျက်ဘူး” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလို စစ်ကောင်စီရဲ့ ရှာဖွေစစ်ဆေးလုပ်ဆောင်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ ကားဂိတ်ကနေတစ်ဆင့် ပစ္စည်းတွေပို့ရမှာ ကြောက်ရွံ့လာပြီး အဆင်မပြေမှုတွေ၊ အခက်အခဲတွေကြုံနေရကာ ပစ္စည်းပျောက်တာတွေလည်း ရှိနေတယ်လို့ ပစ္စည်းပို့နေသူတွေက သုံးသပ်ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

သတင်း

ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့​ကြောင်းသိရသည်။