Connect with us

Hi, what are you looking for?

News

နိုင်ငံခြားသုံးငွေနဲ့ပတ်သက်ပြီး မည်သူကို မဆိုထောင်ချနိုင်တဲ့အထိအရေးယူလို့ရအောင် ဥပဒေ ကိုစစ်ကောင်စီပြင်ဆင်

ည်းကမ်းတွေ ၊ အမိန့်ကြော်ငြာစာတွေ၊ အမိန့် နဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခြင်းမလုပ်ရဘူးလို့ ပါရှိတာတွေ့ရပါတယ်။

နိုင်ငံခြားငွေ နဲ့ပတ်သက်ပြီး သူတို့ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာရင် မည်သူကိုမဆို အရေးယူနိုင်ဖို့ စစ်ကောင်စီ ခေါင်းဆောင်ဟာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ကို ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။

အရင်က ဥပဒေဟာ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရသူတွေရည်ရွယ်ထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ပြင်ဆင်ချက်အရ အများပြည်သူနဲ့ပါ သက်ဆိုင်လာတာပါ။

ပြင်ဆင်ချက်မှာဆိုရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ အရ ထုတ်ပြန်တဲ့ ဥပဒေတွေ ၊ စည်းမျည်းစည်းကမ်းတွေ ၊ အမိန့်ကြော်ငြာစာတွေ၊ အမိန့် နဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခြင်းမလုပ်ရဘူးလို့ ပါရှိတာတွေ့ရပါတယ်။

မလိုက်နာရင် မည်သူကိုမဆို ထောင်ဒဏ် ၁ နှစ်အထိ ချနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းပြည်မှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာပြီး အမေရိကန်ဒေါ်လာဈေးတက်နေချိန်မှာ စစ်ကောင်စီဟာ ဥပဒေကိုပြင်ဆင်လိုက်တာလည်းဖြစ်ပါတယ်။

ဥပဒေကိုပြင်ဆင်ပြီး အောက်တိုဘာလ ၆ ရက် ရက်စွဲနဲ့စစ်ကောင်စီခေါင်းဆောင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။