Connect with us

Hi, what are you looking for?

News

အခွန်​​ကောက်၊ အခွန်​ဆောင်​နေကြ၍ ကညနရုံးနှင့် ​ထွေအုပ်ရုံးတို့ကို ​ရွှေဘို PDF ဗုံး​ဖောက်ခွဲသတိပေး

ယမန်နေ့က တစ်ရက်တည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့် မြို့တွင်းတွင် ဆိုင်ကယ်များအား အဖွဲ့လိုက် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ရွှေဘိုမြို့တွင် က.ည.န အခွန်ဆောင်ခြင်း၊ မီတာဆောင်ခြင်းများ ပြုလုပ်နေ၍ က.ည.နရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးများသို့ သတိပေးဖောက်ခွဲခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို PDF) က အသိပေးသည်။

ရွှေဘိုနယ်ရှိ Non-Cdm ဝန်ထမ်းများအား ရုံးမတက်ရန် နောက်ဆုံးအကြိမ်သတိပေးပြီးဖြစ်ကြောင်း၊ သို့သော် Non-Cdm များနှင့် စစ်ကျွန်ဖြစ်လိုသူများက လိုက်နာခြင်းမရှိဘဲ ရုံးသွားခြင်း၊ကညနတွင် အခွန်ဆောင်ခြင်း၊ မီတာဆောင်ခြင်းများကို ပြုလုပ်နေကြောင်း တွေ့ရှိရသဖြင့် အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုအထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ မွန်းလွဲ ၂နာရီ ၅၀ မိနစ်ခန့်တွင် ရွှေဘိုကညနရုံးတို့ကို သတိပေးဖောက်ခွဲခဲ့ကြောင်း ရွှေဘို PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့က တစ်ရက်တည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့် မြို့တွင်းတွင် ဆိုင်ကယ်များအား အဖွဲ့လိုက် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီပိုင် My Tel ရုံးကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဗုံးခွဲခဲ့ပြီး My Tel တာဝါတိုင်ကိုလည်း အောက်တိုဘာလ ၅ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းလည်းပါရှိသည်။ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်၊ သက်ဆိုင်သော ထွေအုပ်ရုံး၊ EPC ရုံး၊ ကညန ရုံး၊ တာဝါတိုင်များ၊ ဘဏ်များအနီးသို့ သွားလာခြင်းမပြုရန် ထပ်မံသတိပေးကြောင်း ရွှေဘို PDFက သတိပေးသည်။

Public Service Announcement

Public Service Announcement

ပြ​ည်သူကိုသတ်ရန် စစ်ကောင်စီအတွက် ကျည်ဆံဖိုးများ၊ အခွန်များကောက်ခံပေးနေသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကိုလည်း ပိုမိုပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရွှေဘို PDF ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။