Connect with us

Hi, what are you looking for?

LuduNwayOo

News

အခွန်​​ကောက်၊ အခွန်​ဆောင်​နေကြ၍ ကညနရုံးနှင့် ​ထွေအုပ်ရုံးတို့ကို ​ရွှေဘို PDF ဗုံး​ဖောက်ခွဲသတိပေး

ယမန်နေ့က တစ်ရက်တည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့် မြို့တွင်းတွင် ဆိုင်ကယ်များအား အဖွဲ့လိုက် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ရွှေဘိုမြို့တွင် က.ည.န အခွန်ဆောင်ခြင်း၊ မီတာဆောင်ခြင်းများ ပြုလုပ်နေ၍ က.ည.နရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးများသို့ သတိပေးဖောက်ခွဲခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို PDF) က အသိပေးသည်။

ရွှေဘိုနယ်ရှိ Non-Cdm ဝန်ထမ်းများအား ရုံးမတက်ရန် နောက်ဆုံးအကြိမ်သတိပေးပြီးဖြစ်ကြောင်း၊ သို့သော် Non-Cdm များနှင့် စစ်ကျွန်ဖြစ်လိုသူများက လိုက်နာခြင်းမရှိဘဲ ရုံးသွားခြင်း၊ကညနတွင် အခွန်ဆောင်ခြင်း၊ မီတာဆောင်ခြင်းများကို ပြုလုပ်နေကြောင်း တွေ့ရှိရသဖြင့် အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုအထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ မွန်းလွဲ ၂နာရီ ၅၀ မိနစ်ခန့်တွင် ရွှေဘိုကညနရုံးတို့ကို သတိပေးဖောက်ခွဲခဲ့ကြောင်း ရွှေဘို PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့က တစ်ရက်တည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့် မြို့တွင်းတွင် ဆိုင်ကယ်များအား အဖွဲ့လိုက် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီပိုင် My Tel ရုံးကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဗုံးခွဲခဲ့ပြီး My Tel တာဝါတိုင်ကိုလည်း အောက်တိုဘာလ ၅ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းလည်းပါရှိသည်။ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်၊ သက်ဆိုင်သော ထွေအုပ်ရုံး၊ EPC ရုံး၊ ကညန ရုံး၊ တာဝါတိုင်များ၊ ဘဏ်များအနီးသို့ သွားလာခြင်းမပြုရန် ထပ်မံသတိပေးကြောင်း ရွှေဘို PDFက သတိပေးသည်။

Public Service Announcement

Public Service Announcement

ပြ​ည်သူကိုသတ်ရန် စစ်ကောင်စီအတွက် ကျည်ဆံဖိုးများ၊ အခွန်များကောက်ခံပေးနေသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကိုလည်း ပိုမိုပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရွှေဘို PDF ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။