Connect with us

Hi, what are you looking for?

News

ဂျပန်မှာ အင်အားပြင်းငလျင်လှုပ်ခတ်

ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု စာရင်းတွေကတော့ မတက်လာသေးပါဘူး။

ဂျပန်နိုင်ငံ အနောက်မြောက်ဘက် ချီဘ ဒေသ အနီးမှာ ဒီနေ့အောက်တိုဘာလ ၇ ရက်ညပိုင်းက အင်အားပြင်း ငလျင် တခု လှုပ်ခတ်သွားပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီ ရဲ့တိုင်းတာချက်အရ ပြင်အား ရစ်ချ်တာစကေး ၆.၁ အဆင့်ရှိပြီး မြေအောက် အနက် မိုင်ငါးဆယ် က လှုပ်ခတ်သွားတာလို့ သိရပါတယ်။

ငလျင်ကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။

ချီဘ မြို့မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတဦးရဲ့ပြောပြချက်အရ ငလျင်လှုပ်ခတ်တော့မယ်ဆိုတဲ့ သတိပေး မက်ဆေ့ချ်ဖုန်းကို ဝင်လာပြီး နောက် စက္ကန့်ပိုင်းအတွင်းမှာ ငလျင်လှုပ်ခတ်သွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု စာရင်းတွေကတော့ မတက်လာသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...