Connect with us

Hi, what are you looking for?

News

မန္တလေး -ပြင်ဦးလွင် ရထားလမ်းမှာ ဗုံးပေါက်ကွဲ

“အဲရထားလမ်းက အသွားအလာတော့သိပ်မရှိတော့ဘူး။ရံဖန်ရံခါလောက်ပဲ ရထားသွားတာရှိတာ” လို့ အောင်သာယာရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေး -ပြင်ဦးလွင် လမ်းပိုင်းရထားသံလမ်း ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် အောင်သာယာရပ်ကွက်ဘေး ၅၆ လမ်းနဲ့ ၅၈ လမ်းကြားရှိ ရထားသံလမ်းမှာ မနက် ၇နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“အဲရထားလမ်းက အသွားအလာတော့သိပ်မရှိတော့ဘူး။ရံဖန်ရံခါလောက်ပဲ ရထားသွားတာရှိတာ” လို့ အောင်သာယာရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

ရထားလမ်းဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့သိရပြီး ရထားသံလမ်းပိူင်းအချို့တော့ ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရထားသံလမ်းကို လက်ရှိမှာတော့ ပြည်သူတွေတင်ဆောင်ပြီး မောင်းနှင်တဲ့ ရထားတွေဖြတ်သန်းသွားလာခြင်းမရှိပေမယ့် စစ်ကောင်စီက ကျောက်သယ်ဆောင်ခြင်း ၊လက်နက်ပို့ဆောင်သယ်ယူခြင်းတွေလုပ်ရာမှာ အသုံးပြုနေတယ်လို့သိရပါတယ်။

ရထားသံလမ်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရထားသံလမ်းအနီးရှိလမ်းမနေရာတွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းကလည်း ယခုပေါက်ကွဲခဲ့တဲ့ ရထားသံလမ်းနေရာနားမှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။