Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား ရဲတဦးဒဏ်ရာရ

မဟာအောင်မြေမြို့နယ် ၆၂လမ်း နဲ့ ၃၈လမ်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နဲ့ ဆိုင်ကယ်စီအမျိုးသားတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့အောက်တိုဘာလ ၈ ရက် ညပိုင်း ၈ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုဒဏ်ရာရသူရှိခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ် ၆၂လမ်း နဲ့ ၃၈လမ်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နဲ့ ဆိုင်ကယ်စီးအမျိုးသားတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။

အဲဒီပစ်ခတ်မှုမှာ ရဲတပ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒီပစ်ခတ်မှုမဖြစ်ခင် ည ၇ နာရီလောက်က ၆၂လမ်း ၃၈လမ်းနဲ့ ၃၉လမ်းကြားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာလည်း ယာဉ်ထိန်းတပ်ဖွဲ့ ၁၄ရုံးအနီးမှာပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။