Connect with us

Hi, what are you looking for?

News

ရန်ကုန်​နေပြည်သူများ ​​အောက်တိုဘာ ၉ရက်ကစ၍ ရထားမစီးရန် လှိုင် PDFသတိပေး

အကြမ်းဖက်စစ်ကောင်စီကပြေးဆွဲနေသည့် မီးရထားများကို အောက်တိုဘာ ၉ ရက်မှစတင်၍ စီးနင်းခြင်းမပြုရန် လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းခရီးသွားလာနေကြသောပြည်သူများအနေဖြင့် ၉၊ ၁၀ ၊ ၂၀၂၁မှစတင်၍ အကြမ်းဖက်စစ်ကောင်စီမှပြေးဆွဲနေသောမီးရထားများအားစီးနှင်းခြင်းမပြုလုပ်ကြရန်ရထားဘူတာရုံများအတွင်း(သို့) ဘူတာရုံအနားတွင်နေထိုင်သွားလာခြင်းများမှရှောင်ကျဥ်ကြရန်သတိပေးအပ်ပါသည်”ဟု လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ည (​အောက်တိုဘာ ၈ရက်)တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အပြစ်မဲ့ပြည်သူများအပေါ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်ရန်နှင့် လှိုင်မြို့နယ်အတွင်းမှပြည်သူများကို ကာကွယ်ရန်အတွက် အောက်တိုဘာ ၈ ရက်တွင်စတင်ဖွဲ့စည်းခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။