Connect with us

Hi, what are you looking for?

News

ပွင့်ဖြူဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်ပစ်ခတ်၍ လူငယ်တစ်ဦးသေဆုံး

စစ်ကောင်စီတပ်အနေဖြင့် သတင်းပေးသူများ ပြောဆိုသည့်အတိုင်း ဖြစ်စဉ်တွင် ပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ပွင့်ဖြူမြို့ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး၍ လူငယ်တစ်ဦးသေ ၊တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပွင့်ဖြူုမြို့ရှိ စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၇ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၉ရက်ညပိုင်းတွင် စစ်ကောင်စီတပ်က ၎င်းတို့ မသင်္ကာသူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၅ရက် ညပိုင်း ဖမ်းဆီးခံထားရသူများအနက် ထွက်ပြေးသူအချို့ကို စစ်ကောင်စီတပ်က ပစ် ခတ်ခဲ့၍ ကိုထက်ဆိုသည့် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ပွင့်ဖြူဒေသခံက ပြောသည်။ ထို့ပြင် လူငယ်တစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးထားသူ စုစုပေါင်း ၁၂ဦးရှိရာ ငါးဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများကို ဆက်လက် ဖမ်းဆီးထားကြောင် ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် သတင်းပေးသူများ ပြောဆိုသည့်အတိုင်း ဖြစ်စဉ်တွင် ပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“သူတို့ကလည်းပြောတယ် သူရဲဘောကြောင်တဲ့ကောင်တွေ ခြုံခိုပြီး ချောင်းထုတယ်လို့ သူတို့က ပြော တာပေါ့။အမှန်တော့ကလေးတွေက သတ္တိရှိရှိနဲ့ သူတို့မှာ ရှိတဲ့ အင်အားနဲ့ လက်နက်အင်အားနဲ့ ခြုံခိုတိုက် ခိုက်တာလေ။ လုပ်မှာပဲလေ။ သို့သော်လည်း သူတို့လည်း တကယ်ဖမ်းနိုင်တယ်ဆိုရင် မှန်မှန်ကန်ကန် တကယ်လုပ်တဲ့သူကိုပဲဖမ်းမိအောင်ကြိုးစားပေါ့။ အခုကျတော့ မသက်ဆိုင်တဲ့ ကလေးတွေ ဒေသခံ တွေ အပြစ်မဲ့ ပြည်သူတွေကို မတရား ဖမ်းဆီးတယ် နှိပ်စက်တယ် ရိုက်ပုတ်တယ် သတ်ဖြတ်တယ်။ ဒါတွေ ဟာ အင်မတန်မှ မကောင်းဘူးပေါ့။ မကောင်းဘူးဆိုပေမဲ့လည်း ဒီလူတွေကို ပြောလဲ အပိုပါပဲ” ဟု ဒေသခံက ပြောသည်။

အောက်တိုဘာ ၇ရက်ည ပွင့်ဖြူမြို့ ပေါက်ကွဲမှုဖြစ်စဉ်မှာ ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် မကွေး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့(PRA)တို့ လက်ချက်ဖြစ်သည်ဟု ပွင့်ဖြူ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook