Connect with us

Hi, what are you looking for?

LuduNwayOo

News

ပွင့်ဖြူဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်ပစ်ခတ်၍ လူငယ်တစ်ဦးသေဆုံး

စစ်ကောင်စီတပ်အနေဖြင့် သတင်းပေးသူများ ပြောဆိုသည့်အတိုင်း ဖြစ်စဉ်တွင် ပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ပွင့်ဖြူမြို့ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး၍ လူငယ်တစ်ဦးသေ ၊တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပွင့်ဖြူုမြို့ရှိ စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၇ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၉ရက်ညပိုင်းတွင် စစ်ကောင်စီတပ်က ၎င်းတို့ မသင်္ကာသူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၅ရက် ညပိုင်း ဖမ်းဆီးခံထားရသူများအနက် ထွက်ပြေးသူအချို့ကို စစ်ကောင်စီတပ်က ပစ် ခတ်ခဲ့၍ ကိုထက်ဆိုသည့် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ပွင့်ဖြူဒေသခံက ပြောသည်။ ထို့ပြင် လူငယ်တစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးထားသူ စုစုပေါင်း ၁၂ဦးရှိရာ ငါးဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများကို ဆက်လက် ဖမ်းဆီးထားကြောင် ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် သတင်းပေးသူများ ပြောဆိုသည့်အတိုင်း ဖြစ်စဉ်တွင် ပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“သူတို့ကလည်းပြောတယ် သူရဲဘောကြောင်တဲ့ကောင်တွေ ခြုံခိုပြီး ချောင်းထုတယ်လို့ သူတို့က ပြော တာပေါ့။အမှန်တော့ကလေးတွေက သတ္တိရှိရှိနဲ့ သူတို့မှာ ရှိတဲ့ အင်အားနဲ့ လက်နက်အင်အားနဲ့ ခြုံခိုတိုက် ခိုက်တာလေ။ လုပ်မှာပဲလေ။ သို့သော်လည်း သူတို့လည်း တကယ်ဖမ်းနိုင်တယ်ဆိုရင် မှန်မှန်ကန်ကန် တကယ်လုပ်တဲ့သူကိုပဲဖမ်းမိအောင်ကြိုးစားပေါ့။ အခုကျတော့ မသက်ဆိုင်တဲ့ ကလေးတွေ ဒေသခံ တွေ အပြစ်မဲ့ ပြည်သူတွေကို မတရား ဖမ်းဆီးတယ် နှိပ်စက်တယ် ရိုက်ပုတ်တယ် သတ်ဖြတ်တယ်။ ဒါတွေ ဟာ အင်မတန်မှ မကောင်းဘူးပေါ့။ မကောင်းဘူးဆိုပေမဲ့လည်း ဒီလူတွေကို ပြောလဲ အပိုပါပဲ” ဟု ဒေသခံက ပြောသည်။

အောက်တိုဘာ ၇ရက်ည ပွင့်ဖြူမြို့ ပေါက်ကွဲမှုဖြစ်စဉ်မှာ ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် မကွေး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့(PRA)တို့ လက်ချက်ဖြစ်သည်ဟု ပွင့်ဖြူ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။