Connect with us

Hi, what are you looking for?

LuduNwayOo

News

သမိုင်းလမ်းဆုံ City Mart ​ရှေ့ယာဥ်ထိန်းရုံးအနီးဗုံးကွဲ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပြီး​နောက်သမိုင်းလမ်းဆုံ မီးပွိုင့်အနီး လမ်းလေးခွဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်။

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံး City Mart ရှေ့ရှိ ယာဥ်ထိန်းရဲရုံး အနီး ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့် က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်​တွေ့ရှိ​သော ပြည်သူအချို့က​ ပြောသည်။

အဆိုပါ ယာဥ်ထိန်းရဲရုံးတွင် စစ်ကောင်စီတပ်ဖွဲ့များက​နေ့စဥ် လုံခြုံ​ရေးယူ​လေ့ရှိကြောင်း မရမ်းကုန်းမြို့နယ်နေပြည်သူတစ်ဦးက ​ပြောသည်။

“အဲဒီရုံးထဲမှာ သူတို့က ကင်းပုန်းအမြဲဝပ်နေတာ။ပြီးတော့ food panda က ကောင်လေးတွေလည်းရှိနေတယ်။ဒီနေ့ နှစ်ချက်ပေါက်သံကြားတယ်။စစ်ခွေးတချို့ သွေးတွေ ထွက်ပြီး လိုက်ရမ်းနေသလို food panda ကောင်လေးတစ်ယောက်လည်း လက်ဖျံ ထိသွားတယ်”ဟု အဆိုပါ​ဒေသခံကပြောသည်။

ပေါက်ကွဲမှု ဖြစ်ပြီး​နောက်သမိုင်းလမ်းဆုံ မီးပွိုင့်အနီး လမ်းလေးခွဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်အ​ခြေစိုက် ​တော်လှန်​ရေးအဖွဲ့များက ခုခံစစ်အရှိန်မြှင့်​တော့မည်ဖြစ်၍ CCTV များဖြုတ်ထားရန် ၊ စစ်​ကောင်စီယာဥ်နှင့်တပ်ဖွဲ့ဝင်များအနီးတွင်မ​နေရန် အကြိမ်ကြိမ် သတိ့​ပေးထားသည် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။