Connect with us

Hi, what are you looking for?

News

သမိုင်းလမ်းဆုံ City Mart ​ရှေ့ယာဥ်ထိန်းရုံးအနီးဗုံးကွဲ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပြီး​နောက်သမိုင်းလမ်းဆုံ မီးပွိုင့်အနီး လမ်းလေးခွဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်။

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံး City Mart ရှေ့ရှိ ယာဥ်ထိန်းရဲရုံး အနီး ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့် က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်​တွေ့ရှိ​သော ပြည်သူအချို့က​ ပြောသည်။

အဆိုပါ ယာဥ်ထိန်းရဲရုံးတွင် စစ်ကောင်စီတပ်ဖွဲ့များက​နေ့စဥ် လုံခြုံ​ရေးယူ​လေ့ရှိကြောင်း မရမ်းကုန်းမြို့နယ်နေပြည်သူတစ်ဦးက ​ပြောသည်။

“အဲဒီရုံးထဲမှာ သူတို့က ကင်းပုန်းအမြဲဝပ်နေတာ။ပြီးတော့ food panda က ကောင်လေးတွေလည်းရှိနေတယ်။ဒီနေ့ နှစ်ချက်ပေါက်သံကြားတယ်။စစ်ခွေးတချို့ သွေးတွေ ထွက်ပြီး လိုက်ရမ်းနေသလို food panda ကောင်လေးတစ်ယောက်လည်း လက်ဖျံ ထိသွားတယ်”ဟု အဆိုပါ​ဒေသခံကပြောသည်။

ပေါက်ကွဲမှု ဖြစ်ပြီး​နောက်သမိုင်းလမ်းဆုံ မီးပွိုင့်အနီး လမ်းလေးခွဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်အ​ခြေစိုက် ​တော်လှန်​ရေးအဖွဲ့များက ခုခံစစ်အရှိန်မြှင့်​တော့မည်ဖြစ်၍ CCTV များဖြုတ်ထားရန် ၊ စစ်​ကောင်စီယာဥ်နှင့်တပ်ဖွဲ့ဝင်များအနီးတွင်မ​နေရန် အကြိမ်ကြိမ် သတိ့​ပေးထားသည် ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။