Connect with us

Hi, what are you looking for?

News

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီးကိုARA မိုင်းဆွဲတိုက်ခိုက်

မိုက်ဆွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကားနှစ်စီးမှာ ဝါးတန်း‌ရွာနှင့် ကျွန်းဖိုပင်ကြားရှိ အဆိုပါ နေရာတွင် ခေတ္တရပ်တန့်သွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကြောက်လန့်တကြား ပြန်လည်ပစ်ခတ်ရင်း အရာတော်သို့ ဆက်လက်မောင်းပြေးသွားကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အရာတော်မြို့နယ်တွင် ယနေ့ညနေပိုင်းက စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်က အရာတော်-မုံရွာလမ်းပေါ်တွင် အရာတော်ဘက်သို့ ဦးတည်လာနေသော စစ်ကားနှစ်စီးကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ကားနှစ်စီးလုံးကို မိမိရရမိုင်းဆွဲတိုက်ခိုက်နိုင်လိုက်သဖြင့် ယာဉ်များမထိခိုက်သော်လည်း ယာဉ်ပေါ် ပါစစ်ကောင်စီတပ်သားများ ထိ့ခိုက်မှုရှိကြောင်း ARA မှ ဗိုလ်တိုက်မောင်းက အတည်‌ပြုပေးထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုက်ဆွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကားနှစ်စီးမှာ ဝါးတန်း‌ရွာနှင့် ကျွန်းဖိုပင်ကြားရှိ အဆိုပါ နေရာတွင် ခေတ္တရပ်တန့်သွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကြောက်လန့်တကြား ပြန်လည်ပစ်ခတ်ရင်း အရာတော်သို့ ဆက်လက်မောင်းပြေးသွားကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်မှာ မှန်ကန်ကြောင်းနှင့် ထိခိုက်သည့်စစ်ကားများသည် မုံရွာမြို့မှထွက်ခွာလာသည့်စစ်ကားများဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု ARAမှ ပြောရေးဆိုခွင့်ရှိသူက People’s Spring သို့အတည်ပြု ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။