Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအဖွဲ့ လက်ရှိဖမ်းဆီးထားတဲ့ သတင်းသမား ၅၄ဦးအမည်စာရင်း MPFI-D ထုတ်ပြန်

စစ်ကောင်စီဟာ သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်း လုပ် ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ် ချိုးဖောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

အကြမ်းဖက်စစ်ကောင်စီ လက်ရှိဖမ်းဆီးထားတဲ့သတင်းသမား ၅၄ ဦးရှိပြီး အဲဒီအမည်စာရင်းကို မြန်မာစာနယ်ဇင်းလွတ်လပ်ခွင့်အဖွဲ့အစည်း(Myanmar Press Freedom In-Depth) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် သတင်းမီဒီယာများကို ပိတ်ပင်ခြင်း၊ သတင်းသမား များကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေခြင်းများ လုပ်ဆောင်နေရာ ယခုလက်ရှိနောက်ဆုံး ဖမ်းဆီးထားတဲ့ သတင်းသမားအရေ အတွက် ၅၄ ဦးရှိတယ်လို့ MPFI-D က စာရင်းပြုစုထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်း လုပ် ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ် ချိုးဖောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

Public Service Announcement

MPFI-D ဟာ မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ အာမခံပေးဖို့၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးဖို့ စဉ်ဆက်မပြတ် တောင်းဆိုတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းတွေကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ မီဒီယာဖိနှိပ်မှုကို ပြင်းထန်စွာပြစ်တင်ရှုတ်ချထားပြီး ဖမ်းဆီးထားတဲ့သတင်းသမားတွေကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။