Connect with us

Hi, what are you looking for?

News

မုံရွာအမှတ် (၂)ရဲစခန်း ဗုံးအပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေ

PDFဘက်ကမူ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ် ပွန်းပဲ့ဒါဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု မုံရွာ PDFက အသိပေးသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၂) ရဲစခန်းကို ယမန်နေ့ညက ဗုံးဖြင့်ပစ်၍ တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစဦးသေဆုံးကြောင်း PDF – South Monywa က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၁ရက်ည ၁၁ နာရီက မုံရွာမြို့ပေါ်ရှိ အမှတ်( ၂) ရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း မုံရွာ PDFက အသိပေးသည်။

PDFဘက်ကမူ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ် ပွန်းပဲ့ဒါဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု မုံရွာ PDFက အသိပေးသည်။

ထို့အပြင် ရဲစခန်း ဗုံးမပေါက်ကွဲမီကလည်း မုံရွာမြို့၏ အဓိကကျသောနေရာများဖြစ်သောဇောတိက ကားလေးကွင်း၊ ဗိုလ်တေဇလမ်းများ၌ အသံဗုံးများ လိုက်လံခွဲခဲ့ကြောင်း၊ အသံဗုံးစစ်ဆင်ရေး၌ ကျွန်ုပ်တို့ဘက်မှ ထိခိုက်မှု လုံး၀ မရှိကြောင်း လည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ခြင်း၊ စစ်သား ရဲသားများအနီး မသွားရောက်ခြင်း၊ CCTV ကင်မရာများအား ပြင်ပသို့ လှည့်မထားခြင်း၊ Online Social Media များပေါ်သို့ ပျောက်ကြားလှုပ်ရှားနေမှုသတင်းများ လက်လွတ် စပယ်မတင်ခြင်းများဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင် ကူညီပေးကြရန် PDF – South Monywa က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။