Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး သေဆုံးထိခိုက်မှုရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိသော်လည်း အရေအတွက် အတိအကျ
မသိရဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ရေစကြိုမြို့နှင့် ရွှေချောင်းရွာကြားတွင် ယနေ့ အောက်တိုဘာ ၁၃ရက်မနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် မိုင်းဆွဲခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိသော်လည်း အရေအတွက် အတိအကျ
မသိရဟု အဆိုပါဒေသခံက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်ရာ ရွှေချောင်းရွာအနီးတွင် ယနေ့ မနက် ၈နာရီခွဲက စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကား ၂စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် ကားတစ်စီး လယ်ကွင်းထဲ ထိုးကျသွားပြီး တပ်သား ၁ဦး နေရာတွင် ခေါင်းပွင့် သေဆုံးသွားကြောင်း၊ ၄ဦးမှာ ဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦး၊ မုံရွာ၊ မြောင်၊ မြင်းခြံ၊ မြင်းမူ၊ စစ်ကိုင်း စသည့် မြို့နယ်များရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook