Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေစကြိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး သေဆုံးထိခိုက်မှုရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိသော်လည်း အရေအတွက် အတိအကျ
မသိရဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ရေစကြိုမြို့နှင့် ရွှေချောင်းရွာကြားတွင် ယနေ့ အောက်တိုဘာ ၁၃ရက်မနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် မိုင်းဆွဲခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိသော်လည်း အရေအတွက် အတိအကျ
မသိရဟု အဆိုပါဒေသခံက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်ရာ ရွှေချောင်းရွာအနီးတွင် ယနေ့ မနက် ၈နာရီခွဲက စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကား ၂စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် ကားတစ်စီး လယ်ကွင်းထဲ ထိုးကျသွားပြီး တပ်သား ၁ဦး နေရာတွင် ခေါင်းပွင့် သေဆုံးသွားကြောင်း၊ ၄ဦးမှာ ဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦး၊ မုံရွာ၊ မြောင်၊ မြင်းခြံ၊ မြင်းမူ၊ စစ်ကိုင်း စသည့် မြို့နယ်များရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။