Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီနဲ့ဆက်နွှယ်​နေတဲ့ ထုတ်ကုန်​တွေ​ရှောင်ဖို့ ပြည် PUGF တိုက်တွန်း

ပြည်မြို့ ရှိ အကြမ်းဖက် စစ်ကောင်စီပိုင် ထုတ်ကုန်များအားဝယ်ယူဖြန့်ဖြူးနေသော လုပ်ငန်းရှင် များအား အသိပေးကြေညာချက် ဆိုသည့် ခေါင်းစဥ်ဖြင့် ၎င်းတို့အဖွဲ့၏ ဖေ့စ်ဘွတ်ခ်၌ အောက်တိုဘာ ၁၃ ရက် မနက်က ကြေညာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် တိုက်ခိုက်မည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် ယင်းအဖွဲ့အစည်း၏ ထုတ်ကုန်များကို ဝယ်ယူဖြန့်ဖြူးခြင်းမလုပ်ရန် ပြည်မြို့မြေအောက်ပျောက်ကျားတပ်ဖွဲ့က သတိပေးလိုက် သည်။

ပြည်မြို့ ရှိ အကြမ်းဖက် စစ်ကောင်စီပိုင် ထုတ်ကုန်များအားဝယ်ယူဖြန့်ဖြူးနေသော လုပ်ငန်းရှင် များအား အသိပေးကြေညာချက် ဆိုသည့် ခေါင်းစဥ်ဖြင့် ၎င်းတို့အဖွဲ့၏ ဖေ့စ်ဘွတ်ခ်၌ အောက်တိုဘာ ၁၃ ရက် မနက်က ကြေညာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသောကြောင့် စစ်ကောင်စီပိုင် ထုတ်ကုန်များအားဝယ်ယူမဖြန့်ဖြူး မသုံးစွဲကြရန် တိုက်တွန်းထားသည်။

PUGF အဖွဲ့အနေဖြင့် ပြည် PDF များနှင့်အတူ စစ်ကောင်စီနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများ၊ ဒလန်များအား အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်တွင် ပြည်မြို့ နဝင်းရပ်ကွက် ရတနာလမ်းရှိ MyTel တာဝါတိုင်ကို PUGF အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။