Connect with us

Hi, what are you looking for?

News

အာဆီယံအထူးသသံတမန်၏ မြန်မာခရီးစဉ်အတွင်း ၎င်းတွေ့ဆုံလိုသူများနှင့် တွေ့ဆုံခွင့်ပေးရမည်ဟု အီးယူပြော

“မြန်မာနိုင်ငံ – အာဆီယံအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရေးနှင့်စပ်လျဉ်း ၍ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်” တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှု့ရာတွင် အဆင်ပြေအောင် စစ်တပ်အနေဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ၎င်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့်လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးရမည်ဟု ဥရောပသမဂ္ဂ(EU)က ယနေ့ ထုတ်ပြန်သည်။

“မြန်မာနိုင်ငံ – အာဆီယံအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရေးနှင့်စပ်လျဉ်း ၍ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်” တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

အာဆီယံအထူးသံတမန်၏ မြန်မာနိုင်ငံခရီးစဥ်တွင် အာဏာ သိမ်းစစ်တပ်၏ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်ထားသည်။

နေပြည်တော်တွင် အာဆီယံအထူးသံတမန်နှင့် နိုင်ငံရေးပါတီ အချို့တွေ့ဆုံရန်ရှိသည်ဟု ကနဦး သတင်းထွက်ပေါ်ခဲ့သော်လည်း အောက်တိုဘာ ၁၂ ရက်တွင် ထိုအစီအစဥ်ပျက်ပြယ်ကြောင်း ဆွေးနွေးမှုတွင်ပါဝင်မည့် ပါတီကိုယ်စားပြုများက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပသမဂ္ဂ (EU) သည် ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကိုစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင် ရွက်ရန်အလို့ငှာ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေလျက်ရှိသော အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမည်ဟု EUက ထပ်လောင်းအတည်ပြုသည်။

EU သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်သည့်အပေါ် လှိုက်လှဲစွာ လက်ခံကြိုဆိုခဲ့ပြီး အထူးသံတမန်၏ နိုင်ငံတစ်ဝှမ်းဒေသအသီးသီးရှိ အဓိကပတ်သက်ဆက်နွှယ်သူအားလုံးနှင့်သာမက ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်နှင့်ပါမိတ်ဖက်ပြုလျက် အပြုသဘောဆောင်ပြီး အား လုံးပါဝင်သော ဆွေးနွေးပွဲအား ဦးဆောင်ကျင်းပမှုကို အပြည့်အဝပံ့ပိုးကူညီရန် အသင့်ရှိကြောင်းလည်း အသိပေးသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက တောင်းဆိုသည်။

Public Service Announcement

အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်ရာပတ် သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက အထူးအလေးပေးပြောကြားသည်။

ဥရောပသမဂ္ဂသည် အများပြည်သူသေကျေပျက်စီးမှုများနှင့် နေရပ်စွန့်ခွာမှုများကိုပေါ်ပေါက်စေသည့် လက်နက်ကိုင်ပဋိပက္ခအရှိန်အဟုန်မြင့်တက်လာမှု၊ ကျေးလက်ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ တပ်ဖြန့်ထားမှုနှင့် တိုက်ပွဲများတိုးပွားလာမှုတို့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်နှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားမှုရှိရန် တောင်းဆိုပြီးဥရောပသမဂ္ဂသည် မြန်မာပြည်သူ ပြည်သားများ၏ဘက်မှ အခိုင်အမာရပ်တည်လျက်ရှိပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုရန်၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကို ထပ်လောင်းတောင်းဆိုသည်။

ပြည်သူအများစု၏ သဘောထားကို အလေးထားမှသာလျှင် ထိုသို့ဖြစ်မြောက်အောင်မြင်နိုင်မည်ဟု EU ကထပ်လောင်း သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်းရေးအတွက် ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ မြန်မာတွေက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှု ပြုလုပ်နေကြပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။