Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံအထူးသသံတမန်၏ မြန်မာခရီးစဉ်အတွင်း ၎င်းတွေ့ဆုံလိုသူများနှင့် တွေ့ဆုံခွင့်ပေးရမည်ဟု အီးယူပြော

“မြန်မာနိုင်ငံ – အာဆီယံအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရေးနှင့်စပ်လျဉ်း ၍ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်” တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှု့ရာတွင် အဆင်ပြေအောင် စစ်တပ်အနေဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ၎င်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့်လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးရမည်ဟု ဥရောပသမဂ္ဂ(EU)က ယနေ့ ထုတ်ပြန်သည်။

“မြန်မာနိုင်ငံ – အာဆီယံအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရေးနှင့်စပ်လျဉ်း ၍ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်” တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

အာဆီယံအထူးသံတမန်၏ မြန်မာနိုင်ငံခရီးစဥ်တွင် အာဏာ သိမ်းစစ်တပ်၏ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်ထားသည်။

နေပြည်တော်တွင် အာဆီယံအထူးသံတမန်နှင့် နိုင်ငံရေးပါတီ အချို့တွေ့ဆုံရန်ရှိသည်ဟု ကနဦး သတင်းထွက်ပေါ်ခဲ့သော်လည်း အောက်တိုဘာ ၁၂ ရက်တွင် ထိုအစီအစဥ်ပျက်ပြယ်ကြောင်း ဆွေးနွေးမှုတွင်ပါဝင်မည့် ပါတီကိုယ်စားပြုများက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပသမဂ္ဂ (EU) သည် ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကိုစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင် ရွက်ရန်အလို့ငှာ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေလျက်ရှိသော အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမည်ဟု EUက ထပ်လောင်းအတည်ပြုသည်။

EU သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်သည့်အပေါ် လှိုက်လှဲစွာ လက်ခံကြိုဆိုခဲ့ပြီး အထူးသံတမန်၏ နိုင်ငံတစ်ဝှမ်းဒေသအသီးသီးရှိ အဓိကပတ်သက်ဆက်နွှယ်သူအားလုံးနှင့်သာမက ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်နှင့်ပါမိတ်ဖက်ပြုလျက် အပြုသဘောဆောင်ပြီး အား လုံးပါဝင်သော ဆွေးနွေးပွဲအား ဦးဆောင်ကျင်းပမှုကို အပြည့်အဝပံ့ပိုးကူညီရန် အသင့်ရှိကြောင်းလည်း အသိပေးသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက တောင်းဆိုသည်။

Public Service Announcement

အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်ရာပတ် သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက အထူးအလေးပေးပြောကြားသည်။

ဥရောပသမဂ္ဂသည် အများပြည်သူသေကျေပျက်စီးမှုများနှင့် နေရပ်စွန့်ခွာမှုများကိုပေါ်ပေါက်စေသည့် လက်နက်ကိုင်ပဋိပက္ခအရှိန်အဟုန်မြင့်တက်လာမှု၊ ကျေးလက်ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ တပ်ဖြန့်ထားမှုနှင့် တိုက်ပွဲများတိုးပွားလာမှုတို့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်နှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားမှုရှိရန် တောင်းဆိုပြီးဥရောပသမဂ္ဂသည် မြန်မာပြည်သူ ပြည်သားများ၏ဘက်မှ အခိုင်အမာရပ်တည်လျက်ရှိပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုရန်၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကို ထပ်လောင်းတောင်းဆိုသည်။

ပြည်သူအများစု၏ သဘောထားကို အလေးထားမှသာလျှင် ထိုသို့ဖြစ်မြောက်အောင်မြင်နိုင်မည်ဟု EU ကထပ်လောင်း သတိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။