Connect with us

Hi, what are you looking for?

သတင်း

အာဆီယံတွင် ရင်းနှီးမြှပ်နှံရာ၌ ဆုံးရှုံးနိုင်​​ခြေအများဆုံးနိုင်ငံအဖြစ် မြန်မာရပ်တည်

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

အာဆီယံတွင် ရင်းနှီးမြှပ်နှံရာ၌ ဆုံးရှုံးနိုင်​​ခြေအများဆုံးနိုင်ငံအဖြစ် မြန်မာရပ်တည်
အာဆီယံတွင် ရင်းနှီးမြှပ်နှံရာ၌ ဆုံးရှုံးနိုင်​​ခြေအများဆုံးနိုင်ငံအဖြစ် မြန်မာရပ်တည်

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရင်းနှီးမြှပ်နှံရာ၌ ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံဖြစ်လာကြောင်း ကမ္ဘာတလွှားစီးပွားဆိုင်ရာအချက်အလက်များထုတ်ပြန်နေသည့် Visual Capitalistအဖွဲ့က ထုတ်ပြန်လိုက်သည်။

ကမ္ဘာပေါ်တွင် ရင်းနှီးမြှပ်နှံရာ၌ စွန့်စားရပြီး ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၂၄ ဖြစ်ပြီး အာဆီယံတွင် လာအိုနိုင်ငံနှင့်အတူ ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှပ်နှံရာတွင် စွန့်စားရမှု ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စင်ကာပူနိုင်ငံက စွန့်စားရမှု သုည ရာခိုင်နှုန်းဖြစ်သည်။ ထိုကြောင့် စင်ကာပူနိုင်ငံသည် ရင်းနှီးမြှပ်နှံရန် အလွယ်ကူဆုံးနှင့် ဆုံးရှုံးနိုင်ချေမရှိသော နိုင်ငံဖြစ်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုအချက်အလက်များကို နိုင်ငံရေး၊ စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတွက်ချက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ကဆိုသည်။ နိုင်ငံရေးတွင် အစိုးရယန္တယားတည်ငြိမ်မှု၊ အကျင့်ပျက်ခြစားမှုစသည့်တိုကို တိုင်တားပြီး စီးပွားရေးတွင် စီးပွားရေးအဆောက်အအုံခိုင်မာမှုနှင့် ဥပဒေကြောင်းအရ စီးပွားရေးလုပ်ငန်းများပိုင်ဆိုင်မှုစသည့်တို့ကိုတိုင်းတာခြင်းဖြစ်သည်ဟု သိရသည်။

“နိုင်ငံရေးမတည်ငြိမ်တာအပြင် မှုဝါဒတွေခဏခဏပြောင်းနေတာက စီးပွားရေးကဏ္ဍတစ်ခုလုံးကို ထိခိုက်နစ်နာစေခဲ့တာ။ ရှိပြီးသားရင်းနှီးမြှပ်နှံမှုတွေတောင် ပြန်ထွက်နေတာ အသစ်ဝင်လာဖို့ဆိုတာလည်း အရမ်းခက်ခဲပါတယ်”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကျဆင်းလာပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံသာ ဝင်ရောက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဒေါ်လာ ၄ ဒသမ ၈ ဘီလီယံဝင်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook