Connect with us

Hi, what are you looking for?

News

ဖလမ်း – ဟာခါးလမ်း ​နေရာနှစ်ခုတွင် တိုက်ပွဲပြင်းထန်၊ တိုက်ပွဲတစ်​နေရာ၌စစ်​ကောင်စီတပ် ၅ ဦး​သေ

ချင်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အားဖြည့်တင်းရန် ယမန်နေ့(​အောက်တိုဘာ၁၂ရက်) က ဖလမ်းမြို့သို့ ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းအမျိုးသားတပ်ဦး(CNF/CNA) တပ်နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖလမ်း-ဟားခါးလမ်း​ပေါ်ရှိ ရီရယ်သီး ​ကျေးရွာမှ နှစ်ချင်းအသင်း​တော်ဘုရား​ကျောင်းအပါအဝင်​ဒေသခံများ၏​နေအိမ်အချို့ကို အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှိုဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ -The Chin Journal

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့မှ ဟာခါးမြို့သို့ သွားသည့် လမ်းပိုင်းတွင်ယနေ့ မနက်မှ ညနေပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက နှစ်နေရာ သုံးနေရာလောက်ဖြစ်တယ်လို့ကြားရတာပေါ့။ ဖလမ်းဘက်က လာတဲ့အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်တယ်။ နောက်ပြီးတော့ ဟားခါးဘက်ကနေ သူတို့ကို သွားကြိုဖို့ သွားတဲ့အဖွဲ့ကို တိုက်ခိုက်တာ မနက်ကတည်းက အခုအချိန်ထိ။ နောက်ပြီးတော့ ဟားခါးနဲ့
ဖလမ်းကြားထဲက ရီရာလ်သီးကျေးရွာ မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်သုံးလုံးမီးရှို့ထားတယ်” ဟု အဆိုပါဒေသခံက တိုက်ပွဲများအ​​ခြေအ​နေကိုပြောသည်။

အဆိုပါရွာမှာ နေအိမ် ၇လုံးခန့်သာရှိပြီး အားလုံးမီးရှို့ခံရမည့်ဟုယူဆကြောင်း ၎င်း ကဆက်​ပြောသည်။

ချင်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အားဖြည့်တင်းရန် ယမန်နေ့(​အောက်တိုဘာ၁၂ရက်) က ဖလမ်းမြို့သို့ ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းအမျိုးသားတပ်ဦး(CNF/CNA) တပ်နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့မှထွက်လာ​သော စစ်​ကောင်စီယာဥ်တန်း ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့်CDF တို့ကယ​နေ့နံနက်တွင် ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ၅ ဦး​သေဆုံး​ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ​ပြော​ရေယဆိုခွင့်ရှိသူ ပူးထက်နီ က ​
​ခေါ်နုသုန် (Khonumthung)သတင်းဌာနသို့​ဖြေကြားထားသည်။ အဆိုပါတိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦးနှင့် CDF တို့ဘက်မှ ထိ့ခိုက်ကျဆုံးမှုမရှိ​ကြောင်းလည်း ပူးထက်နီက​ပြောသည်။

“ ဟားခါးအဝင် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ယောက်ကျတယ်လို့ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသွားတယ်။ ဒါက တိုက်ပွဲဖြစ်စဉ်တစ်နေရာရဲ့ အကျအဆုံး။ ဒီထက်ပိုနိုင်တဲ့အလားအလားရှိနိုင်တယ်” ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

ဖလမ်းမြို့နှင့် ဟားခါးသည် ၄၅မိုင်ကွာဝေးရာ ယခုအခြေအနေအရ စစ်ကောင်စီတပ်များ ဟားခါးသို့ အလွယ်တကူ ရောက်ရန် မလွယ်ကြောင်း အထက်ပါဒေသခံက သုံးသပ်သည်။
စစ်ကောင်စီတပ်အနေဖြင့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်ခဲ့​​ကြောင်း​ဒေသခံအချို့ ကပြောသည်။

“ဖလမ်းဘက်က ကျေးရွာတစ်ခုမှာလူ ၁၀ ယောက်ကို ဖမ်းသွားတယ်။ နောက်ပြီးတော့ ပြန်လွှတ်တယ်လို့တော့ ကြားတယ်။ လူငယ် ၂ယောက်တော့ အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့ပြင် ယနေ့ မနက် ၁၀နာရီခွဲခန့်က ဟားခါးမြို့အဝင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အသက် ၁၃နှစ်အရွယ် ကလေးငယ် အပါအဝင် နရီယာလောန်ထာရ် ရွာ မှ ပြည်သူ ၄ဦးကို ဖမ်းဆီးခဲ့​ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ရွာအတွင်းရှိ ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားသည်ဟုလည်း ​ဒေသခံက​ပြောသည်။

စစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၅၀ကျော်ပါ ယာဉ်တန်းသည် ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိလာပြီး CNF တပ်ဖွဲ့၏ ဌာနချုပ်တည်ရှိရာ ထန်တလန်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် အလားအလာရှိသည်ဟု ဒေသခံက ပြောကြားသည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင်အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ လမ်းကြောင်း နှစ်ခုဖြင့် စစ်အင်အားအလုံးအရင်းဖြည့်တင်း၍ ထိုးစစ်ဆင်ရန် ပြင်ဆင်​နေခြင်းဖြစ်သည်။

ထိုအပြင် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီက စက်တင်ဘာလမှစ၍ အင်တာနက်ဖြတ်​တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။