Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ထွေအုပ်ဌာနတွင် အလုပ်လျှောက်ထားသူများ စစ်ကောင်စီယန္တရားလည်ပတ်ရေးဆက်လုပ်လျင် သုတ်သင်မည်ဟု ကလေး PDF သတိပေး

အကြမ်းဖက်စစ်ကောင်စီ၏ အဓိကယန္တရားဌာနကို ဖြိုချရေး ၎င်းတို့၏အစီအစဥ်ကို PDF(Kalay)က အောက်တိုဘာ ၁၄ရက်တွင် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

(ကလေးမြို့ကျောင်းသားသမဂ္ဂဦးဆောင်၍ စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြနေသည်ကို ဧပြီ ၂၈ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကလေးမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် လစ်လပ်နေရာများတွင် လျှောက်ထားသူများအနေဖြင့် စစ်ကောင်စီယန္တရားလည်ပတ်ရေးဆက်လုပ်နေပါက သုတ်သင်ပစ်မည်ဟု PDF(Kalay)က သတိပေးချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဓိကယန္တရားဌာနကို ဖြိုချရေး ၎င်းတို့၏အစီအစဥ်ကို PDF(Kalay)က အောက်တိုဘာ ၁၄ရက်တွင် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီ၏ အဓိကထောက်တိုင်ဖြစ်သည့် ရပ်ကွပ်ကျေးရွာအုပ်စု၊မြို့နယ်နှင့်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်နေသည့်နေရာများ၌ ဝန်ထမ်းများခန့်အပ်ကာ ယန္တရားလည်ပတ်ရေး ကြိုးစားနေကြောင်း၊ လစ်လပ်နေသည့်နေရာများတွင် အသစ်ခန့်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက် ထားသူနှင့် ခန့်အပ်ခံရသူများ၏အမည်စာရင်းများ အတိ အကျ ရရှိထားသည်ဟုPDF(Kalay)က ဖော်ပြထားသည်။

အာဏာရူးမင်းအောင်လှိုင်၏လက်ပါးစေအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့ PDF(Kalay)အနေဖြင့် ပြတ်ပြတ်သားသား သုတ်သင်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြင်းထန်စွာသတိပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

Facebook စာမျက်နှာမှတစ်ဆင့် PDF(Kalay)၏ အထက်ပါ သတင်းထုတ်ပြန်ချက်အောက်တွင် ပြည်သူတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။

” စကစ ရဲ့ ယန္ဒရားကို ဖြိုဖျက်နိုင်တဲ့အလွယ်ကူဆုံး နည်းလမ်းကတော့မြို့နယ်မှာရှိတဲ့ စကစလက်အောက်ခံ မြန်မာ့စီးပွား ရေးဘဏ်ကို တော်လှန်ံရေးကာလအတွင်း ယာယီပိတ်ထားနိုင်ပါက အဲ့မြို့မှာရှိတဲ့ဌာနဆိုင်ရာအားလုံး လှည်ပါတ်မူ့ရပ်တန့်သွားပါလိမ့်မယ်။ဌာနတိုင်းမှာရှိတဲ့ Non CDMဝန်ထမ်း/ ရဲ /စစ်/ထွေအုပ် စတဲ့ ဝန်ထမ်းတွေထံ လစဉ် စီးဝင်းနေတဲ့အသုံးစရိတ်ငွေကြေးများဟာ ဒီမြန်မာ့စီးပွားရေးဘဏ်တွေကပဲထုတ်ပေးနေခြင်းဖြစ်ပါတယ်။ဒါ့အပြင် သက်ဆိုင်ရာဌာနအသီးသီးကနေ ရရှိလာတဲ့ အခွန်အခဝင်ငွေများကိုလဲ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် စကစအကြမ်းဖက်အစိုးရထံ
စီးဝင်သွားခြင်းဖြစ်ပါတယ်။ ဒါကြောင့်မြန်မာ့စီးပွားရေးဘဏ်တွေဟာ စကစယန္ဒရားကို သက်ဆိုးရှည်စေမဲ့ အဓိကအကျဆုံးဌာနတစ်ခုဖြစ်၍နေခြင်းပါ”ဟု မှတ်ချက်ပြုထား သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့