Connect with us

Hi, what are you looking for?

News

အာဆီယံကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်မပြုနိုင်ဘူးလို့ စစ်ကောင်စီထုတ်ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ဆိုပြီး ပါတီ အချို့ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကေ်ာမရှင်က ဖိတ်ခဲ့တာရှိပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံ လာရောက်ဖို့ပိတ်ပင်တားဆီးထားတာမရှိပေမယ့် ဒေါ်အောင်တန်းစုကြည်နဲ့တွေ့ဆုံဖို့ကို တော့ ခွင့်မပြုနိုင်ဘူးလို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်တဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရတဲ့အတွက် ခွင့်မပြုနိုင်တာလို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ဆိုပြီး ပါတီ အချို့ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကေ်ာမရှင်က ဖိတ်ခဲ့တာရှိပါတယ်။

ဒီလိုဖိတ်ကြားမှုကို ပြည်ခိုင်ဖြိုး ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒလှမြင့်က မီဒီယာတွေကို အတည်ပြုထားသလို တွေ့ဆုံပွဲကို ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်မယ်လို့ ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာမရှိတာကြောင့်တွေ့ဆုံပွဲလည်းအထမမြောက် ခဲ့ပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းထားတာပါ။

စစ်ကောင်စီအနေနဲ့ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းမှုမရှိရင် ဒီလကုန်ပိုင်းမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်ကို ဖိတ်မှာမဟုတ်တဲ့အကြောင်း အာဆီယံ နိုင်ငံအချို့က ထုတ်ပြောထားတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။