Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်က ဒလန်လင်မယားအသတ်ခံရ

အကြမ်းဖက်စစ်ကောင်စီ၏ စာရင်များအရ တစ်နိုင်ငံလုံးတွင် ၎င်းတို့လက်အောက်ခံအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီသတင်းပေးအသတ်ခံရမှု အရေအတွက် ၄၀၀ ကျော်ရှိကြောင်းသိရသည်။

ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာမှ စစ်ကောင်စီ သတင်းပေး ဒလန်လင်မယားနှစ်ဦးဖြစ်သော သိန်းတန်နှင့် ရီသန့်တို့အား သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။

အောက်တိုဘာ ၁၄ရက် နေ့လည်က ဝက်လက်-ရှိမ်းမကား လမ်းတစ်နေရာတွင် သေနတ်အသုံးပြုပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ဝက်လက်မြို့နယ်အတွင်းမှာ ကျန်နေသေးတဲ့ စကစကျွန်ခံနေသူတွေကို ဒီလုပ်ရပ်ကနေ ထပ်သတိပေးလိုတယ်။ဝက်လက်မြို့က ကျဉ်းကျဉ်းလေးမို့ ဖောင်းဒိုင်းမစားချင်လျှင် ပြည်သူများနှင့် အမြန်ဆုံးပူးပေါင်းပေးကြပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စာရင်များအရ တစ်နိုင်ငံလုံးတွင် ၎င်းတို့လက်အောက်ခံအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီသတင်းပေးအသတ်ခံရမှု အရေအတွက် ၄၀၀ ကျော်ရှိကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအဖြစ်မှ နှုတ်ထွက်သူ အနည်းဆုံး ၃၆၆ ဦးရှိကြောင်း Data For Myanmarက အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

နှုတ်ထွက်ကြသော အုပ်ချုပ်ရေးမှူးများအနက် စစ်ကိုင်းတိုင်းမှာ ၁၆၂ ဦးဖြင့် အမြင့်ဆုံးဖြစ်နေပြီးရန်ကုန် နှင့် မကွေးတိုင်းတို့တွင်လည်း နှုတ်ထွက်သူများ တိုးလာနေသည်ဟု စစ်တမ်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။