Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုသာပစ်မှတ်ထားပြီး မိမိတို့အသုံးပြုသော မိုင်းမှာ ဖယ်ရှားထိခိုက်ရုံဖြင့်မပေါက်ကွဲသည့် အဝေးထိန်းမိုင်းများသာဖြစ်ကြောင်း မုံရွာသံမဏိအဖွဲ့သားများရှင်းလင်း

အမှိုက်ပုံး ထားရှိသောနေရာတွင် ဖယ်ရှားရှင်းလင်းစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း၊ မိမိတို့အသုံးပြုသောမိုင်းများသည် ထိခိုက်ဖယ်ရှားမှု လုပ်ရုံဖြင့် ပေါက်ကွဲစေသောမိုင်းမျိုးမဟုတ်ကြောင်း သံမဏိအဖွဲ့သားများ MPDF(ကိုယ်စားပြု) ကအသိပေးခဲ့သည်။

မုံရွာမြို့တွင် စစ်ကောင်စီထောက်တိုင်များကိုသာ ပစ် မှတ်ထား လက်တုံ့ပြန်မည်ဖြစ်ပြီး မိမိတို့အသုံးပြုသောမိုင်းများသည် ထိခိုက်ဖယ်ရှားမှုလုပ်ရုံဖြင့် ပေါက်ကွဲစေသောမိုင်းမျိုးမဟုတ်ကြောင်းသံမဏိအဖွဲ့သားများ MPDF(ကိုယ်စားပြု)အဖွဲ့က အသိပေးခဲ့သည်။

မုံရွာမြို့တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ခင်းပိုင်းက မြို့လယ်မီးပွိုင့်နှင့် အနီးကပ်အမှိုက်ပုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး အသက်မပြည့်သေးသည့်ပြည်သူတစ်ဦး ထိခိုက်ခဲ့ရသည်ဟု ကြားသိရကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ရာတွင် စစ်ကောင်စီ၏ ထောက်တိုင်စစ်သားရဲသားများကို တိုက်ခိုက်ပြုလုပ်ကြောင်း သံမဏိအဖွဲ့သားများ MPDF(ကိုယ်စားပြု)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယခုဖြစ်စဥ်သည် အမှိုက်ပုံး ထားရှိသောနေရာတွင် ဖယ်ရှားရှင်းလင်းစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း၊ မိမိတို့အသုံးပြုသောမိုင်းများသည် ထိခိုက်ဖယ်ရှားမှု လုပ်ရုံဖြင့် ပေါက်ကွဲစေသောမိုင်းမျိုးမဟုတ်ကြောင်း သံမဏိအဖွဲ့သားများ MPDF(ကိုယ်စားပြု) ကအသိပေးခဲ့သည်။

သံမဏိအဖွဲ့သားများ၊ မြို့ပြပျောက်ကြား ရဲဘော်များနှင့် မုံရွာ UG အဖွဲ့အစည်းများအသုံးပြုသော မြို့ပြဖောက်ခွဲရေးပစ္စည်းများတွင် အဝေးထိန်းဖြင့်ခွဲသော ပစ္စည်းများသာ အသုံးပြုဖောက်ခွဲပြီး ပြည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်နစ်နာစေခြင်းမျိုးကို ရှောင်ရှားလုပ်ဆောင်ကြကြောင်း ထုတ်ပြန်ချက်တွင် လည်းရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယနေ့(အောက်တိုဘာလ ၁၄ ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့ မြို့လယ်မီးပွိုင့်တွင် ဗုံးပေါက်ရာ အမှိုက်သိမ်း စည်ပင်နေ့စားဝန်ထမ်းတစ်ဦးသေဆုံးပြီး တစ်ဦးလက်ပြတ်သွားကြောင်း မုံရွာနယ်ခံများက ပြောသည်။

ဗုံးပေါက်ကွဲခဲ့သော မြို့လယ် မီးပွိုင့်နေရာသည် မုံရွာပင်မ သပိတ်စစ်ကြောင်းမှ မုံရွာမြို့ခံပြည်သူများ မကြာခဏ စုဝေးပြီး အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြလေ့ရှိသောနေရာ ဖြစ်ကြောင်း မုံရွာလူထုလှုပ်ရှားမှုကော်မတီကလည်း အသိပေးထားသည်။

“ဒီမနက်ဖြစ်သွားတဲ့ကိစ္စမှာအပြစ်မဲ့တဲ့ကလေးတစ်ယောက်ဆုံးရှုံးလိုက်ရပါတယ်။ ကျွန်တော်တို့အားလုံးသွားချင်နေတဲ့လမ်းကြောင်းမှာအပြစ်မဲ့တဲ့ပြည်သူတွေကိုဘယ်အဖွဲ့အစည်းမှမတိုက်ခိုက်ဘူး။ မြို့ပေါ်ကအဖွဲ့အစည်းတွေဆိုရင်လည်းပြည်သူတွေထိခိုက်မှာစိုးတဲ့အတွက်ကြိုတင်သတိပေးမှုများရှိခဲ့ပါတယ်။ ဒါဟာစစ်ကောင်စီရဲ့ ပြည်သူနဲ့ အဖွဲ့အစည်းတွေကြားသွေးခွဲသပ်လျှိုတဲ့လုပ်ကွက်တခုပါ။ မိုင်းဆိုတာနဲ့အဖွဲ့အစည်းကလုပ်တယ်ဆိုပြီးထင်အောင် အပြစ်မဲ့တဲ့ပြည်သူတယောက်ကိုစတေးပြီး ပြည်သူများကြားလက်မခံနိုင်အောင်လုပ်တဲ့ လုပ်ကွက်တခုပါ။ မြို့လယ်မီးပွိုင့်ကကျွန်တော်တို့ပင်မသပိတ်စစ်ကြောင်းအများဆုံးထွက်တဲ့နေရာတစ်ခုပါ။ အဲ့နေရာမှာသူတို့ထောင်ထားခဲ့ပြီးအပြစ်မဲ့ပြည်သူတယောက် အသက်ပေးသွားခဲ့ရပါတယ်”ဟု မုံရွာလူထုလှုပ်ရှားမှုကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူလူငယ်၏ ဖခင်မှာ မသန်စွမ်းတစ်ဦးဖြစ်နေ၍ လိုအပ်သည့်အကူအညီများပေးရန် မုံရွာမြို့ခံအချို့က အကူအညီလည်းတောင်းခံထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။