Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ရေးပစ်မှတ်များတိုက်ခိုက်မှုများကို လူထုအားအသေးစိတ်အသိပေးမည်ဟု ရန်ကိုင်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် စတင်ဖွဲ့စည်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ ၏ စစ်ရေးပစ်မှတ်များကို ခုခံတွန်းလှန်တိုက်ခိုက်ရာတွင် ကာကွယ် ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ထိန်းကွပ်ကြပ်မတ်ပေးခြင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ခုခံတွန်းလှန်တိုက်ခိုက်မှုများနှင့် ပတ်သက်သည့်အသေးစိတ် သတင်းအချက်အလက်များကို ပြည်သူလူထု သိရှိစေရန် ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(အောက်တိုဘာ၁၄) အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလက ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှ စတင်ပြီး နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ထိရောက်စွာ ခုခံ တွန်းလှန်ကာကွယ်ပေးနိုင်ရန်အလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲ ရေးအဖွဲ့ကို စက်တင်ဘာအတွင်း၌ ဖွဲ့စည်းပေးခဲ့သည်ဟုဆိုသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် စတင်ဖွဲ့စည်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ ၏ စစ်ရေးပစ်မှတ်များကို ခုခံတွန်းလှန်တိုက်ခိုက်ရာတွင် ကာကွယ် ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ထိန်းကွပ်ကြပ်မတ်ပေးခြင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ထိရောက်သည့် စစ်ရေးဆိုင်ရာ ပစ်မှန်များသတ် မှတ်၍ စစ်ရေးစီမံချက်များချမှတ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတွန်းလှန်ခြင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်သေခွဲကွပ်ကဲရေးအဖွဲ့ လက်အောက်ရှိ စစ်ဆင်ရေးဆောင်ရွက်နေသည့် အဖွဲ့များအကြားပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။