Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတွင် ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဟု KNDF ထုတ်ပြန်

ဖားဆောင်မြို့နယ်၊ နန်းမကုနှင့် ပန်ပုကျေးရွာ အကြားတွင်လည်း ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကိုမှု အတည်ပြုနိုင်ခြင်းမရှိသေးဟုဆိုသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီလက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ ယနေ့(အောက်တိုဘာ ၁၄)တွင် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန် သည်။

ယနေ့ နံနက် ၈နာရီခွဲခန့်တွင် (၆)မိုင်၊ဘက်သလင်နှင့် ဝမ်လထွား ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDFမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ သုံးဦးသေဆုံးခဲ့ပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖက်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

ဖားဆောင်မြို့နယ်၊ နန်းမကုနှင့် ပန်ပုကျေးရွာ အကြားတွင်လည်း ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကိုမှု အတည်ပြုနိုင်ခြင်းမရှိသေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်မွန်းလွဲ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သည် စစ်ယာဉ်တန်းများဖြင့် ဒီးမော့ဆိုမှ လွိုင်ကော်မြို့သို့ချီတက်ခဲ့ရာလမ်းကြောင်းလုံခြုံရေးအဖြစ် တင့်ကားများကို အသုံးပြုခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။