Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကို သုံးကြိမ်မိုင်းခွဲတိုက်ခိုက်ရာ၁၀ဦးထက်မနည်းသေပြီး ၃၀ကျော်ဒဏ်ရာရဟု ARAထုတ်ပြန်

ပထမတစ်ကြိမ်ဖောက်ခွဲမှုကို နံနက်၆ နာရီခန့်က ကြာပင်လှနှင့် ပါရမီကြားတွင် ခြေလျင်တက်လာသောစစ်ကောင်စီတပ်ကို ARAမှ ဗိုလ်လျှပ်စီးနှင့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကိုသုံးကြိမ်ထိမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိနိုင်ကြောင်းအရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)မှ ဗိုလ်ပေါက်စီက ပြောသည်။

‌ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက နောင်ကြီးအိုင်လမ်းပေါ်တွင် ချီတက်သွားလာနေသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ARA က ထုတ်ပြန်သည်။

“ပထမတစ်ခါတုန်းက သိပ်မထိလိုက်ပေမယ့် နောက်နှစ်‌ခါကျ ဒီကောင်တွေ အမိအရပဲ။ ခွဲလိုက်တဲ့နေရာမှာလည်း အတုံးအရုံးလဲသွားကြတယ်။ ခဏနေတော့ အရာတော်က ပေါင်မုန့်ကားတစ်စီးနဲ့ လူနာတင်ကားတစ်စီးလာပြီး သယ်ရတယ်။ အသေအပျောက်ကတော့ ၁၀ယောက်ထက်မနည်းလို့ ခန့်မှန်းရတယ်၊ ဒဏ်ရာရတာကိုက စခအယောက် ၃၀လောက်ရှိတယ်”ဟု ဗိုလ်ပေါက်စီက ပြောသည်။

ပထမတစ်ကြိမ်ဖောက်ခွဲမှုကို နံနက်၆ နာရီခန့်က ကြာပင်လှနှင့် ပါရမီကြားတွင် ခြေလျင်တက်လာသောစစ်ကောင်စီတပ်ကို ARAမှ ဗိုလ်လျှပ်စီးနှင့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒုတိယအကြိမ် ဖောက်ခွဲမှုကို နံနက်၈ နာရီခန့်က ရဲချင်းနှင့် မကျီးကန်ကြားရောက်နေသော စစ်ကောင်စီတပ်၏စစ်ကြောင်းကို ARA ၏ မီးခဲအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြင်း ပြင်းထန်ထန်ထိခိုက်သွားသောစစ်တပ်ကဒဏ်ရာရသူများကို တွဲခေါ်ပြီး ဆက်လက်ထွက်ခွာခဲ့သည်ဟု ဗိုလ်ပေါက်စီက ဆိုသည်။

တတိယအကြိမ်မှာ နံနက်နာရီခွဲခန့်ကရဲချင်းနှင့် မကျီးကန်ကြားတွင်ရှိနေသေးသော စစ်ကောင်စီတပ်စစ်ကြောင်းကိုပင် မီးခဲအဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူများ ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည်ဟုARAက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook