Connect with us

Hi, what are you looking for?

News

ပုသိမ်တွင် စစ်​ကောင်စီသတင်း​ပေးဟုဆိုသူ ​သေနတ်ဖြင့်သုံးချက်ပစ်သတ်ခံရ

“သေတဲ့သူက ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး။ စစ်ခွေးနဲ့ပေါင်းနေတဲ့ကောင်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီသတင်းပေးဟုလူသိများသူ တစ်ဦး​ အောက်တိုဘာ၁၄ ရက်ညက သေနတ်ဖြင့်သုံးချက်ပစ်သတ်ခံလိုက်ရသည်။

ပုသိမ်မြို့ (၈)ရက်ကွက်တွင်နေထိုင်သည့် စစ်​ကောင်စီသတင်း​​ပေးဟုဆိုသူ အောင်စိုးအား ဆိုင်ကယ်စီးလာသူအချို့က ​​အောက်တိုဘာ ၁၄ ရက်ညတွင် သေနတ်ဖြင့် သုံးချက်ပစ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများက‌ ပြောသည်။

“သေတဲ့သူက ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး။ စစ်ခွေးနဲ့ပေါင်းနေတဲ့ကောင်”ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းအသတ်ခံရပြီး​နောက် ယမန်နေ့(အောက်တိုဘာ ၁၅)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်း၊ မြို့ပြင်နေရာများတွင်စောင့်၍ ပြည်သူလုထုကို စစ်ဆေးမှုများပိုမို ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

“စစ်ဆေးနေတဲ့ကောင်တွေ ကြည့်ရတာ တစ်ယောက်မှ ထောင့်မကျိုးဘူး။ လမ်း‌တွေကို ပိတ်ဆို့စစ်နေတာ တော်တော် အာရုံနောက်စရာကောင်းတယ်”ဟု ဒေသခံတစ်ဦးက‌ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Trending

Facebook