Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းမကြီး လမ်းရှင်းလင်းရေးလုပ်မည့်သူများအား ပြင်းထန်စွာအရေးယူမည်ဟု CDF သတိပေး

မြို့နယ်အချို့ရှိ PDF အဖွဲ့များသည် စစ်ကောင်စီ၏ လက်ပါးစေများ၊ စီမံကိန်းများနှင့် တင်ဒါလုပ်ငန်းဆောင်ရွက်သူများအား အရေးယူဆောင်ရွက်မည်ဟု သတိပေးချက်များ ထုတ်ပြန်ထားသည်။

မင်းတပ်-မတူပီ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းရှင်းလင်းရေးလုပ်ဆောင်မည့် ကုမ္ပဏီ၊အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း မင်းတပ် CDF က သတိပေးထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စုအုပ်စု၏ စီမံကိန်းများနှင့် တင်ဒါလုပ်ငန်းများအားလုံး အကောင်အထည်ဖော်ခွင့် တားမြစ်ပိတ်ပင်ကြောင်း စက်တင်ဘာ၁၁ရက်တွင် သတိပေးချက်ထုတ်ပြန်ထားကြောင်းလည်း ဖော်ပြထားသည်။

မြို့နယ်အချို့ရှိ PDF အဖွဲ့များသည် စစ်ကောင်စီ၏ လက်ပါးစေများ၊ စီမံကိန်းများနှင့် တင်ဒါလုပ်ငန်းဆောင်ရွက်သူများအား အရေးယူဆောင်ရွက်မည်ဟု သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook