Connect with us

Hi, what are you looking for?

News

အာဏာသိမ်း​စစ်​ကောင်စီကို နိုင်ငံတကာအဖက်မလုပ်၍ Non-CDMဝန်ထမ်းများ အလုပ်ထွက်ရန်စဥ်စား

CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်​ကောင်စီလက်​အောက်တွင် တာဝန်မထန်​ဆောင်ဘဲ ၊အကြမ်းမဖက်ဘဲ အာဏာဖီဆန်​နေကြခြင်းဖြစ်သည်။ Non-CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်​ကောင်စီလက်​အောက်တွင် ဆက်လက်တာဝန်ထမ်း​ဆောင်​နေကြခြင်းဖြစ် သည်။

အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာကအသိအမှတ်မပြု​ဘဲ ဖယ်ကျဥ်လာ​သောလက်ရှိနိုင်ငံရေးအခင်းအကျင်းများက Non-CDM ဝန်ထမ်းများကို အကာအကွယ်မဲ့စေပြီး ဆက်လက်တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့‌ကြောင်း Non-CDM ဝန်ထမ်းများကပြောသည်။

CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်​ကောင်စီလက်​အောက်တွင် တာဝန်မထန်​ဆောင်ဘဲ ၊အကြမ်းမဖက်ဘဲ အာဏာဖီဆန်​နေကြခြင်းဖြစ်သည်။ Non-CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်​ကောင်စီလက်​အောက်တွင် ဆက်လက်တာဝန်ထမ်း​ဆောင်​နေကြခြင်းဖြစ် သည်။

“ကျွန်တော်တို့ CDM မလုပ်ခဲ့တာက စစ်ကောင်စီကို ထောက်ခံလွန်းလို့ မဟုတ်ဘူး။ မိသားစုမှာ ကိုယ်မရှိရင် မဖြစ်တဲ့အခါ ဘယ်ကိုမှ တိမ်းရှောင်မရလို့ အလုပ်ဆက်လုပ်နေတာ။ အခုက‌တော့ အလုပ်လည်း မလုပ်ချင်တော့သလို ရာထူးတိုးလည်း မလျှောက်တော့ဘူး။ အလုပ်ထွက်ချင်ပြီ”ဟု အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်အရာရှိတစ်ဦးက‌ People Spring’s သတင်းဌာနသို့ ပြောသည်။

“သတင်းတွေ မြင်တွေ့နေရသလောက်နိင်ငံရေးအပြောင်းအလဲက ဖြစ်တော့မယ်လို့ ကျွန်မတို့ ဝန်ထမ်းတွေကြား ပြောနေကြတယ်။ စစ်ကောင်စီကို မယုံကြတော့ဘူး။ အများစုက မဖြစ်လို့သာ လုပ်နေရတာ။အလုပ်ထွက်ချင်နေကြပြီ။ အရာရှိတွေလည်း ကြောက်နေကြပြီ”ဟု ပြန်ဆက်ဌာနမှ ခရိုင်အဆင့် အမျိုးသားဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ယခင်က သူအားထောက်ခံခဲ့သည့် အာဆီယံအသိုက်အဝန်း၏ ပြစ်ပယ်မှုကိုပါရင်ဆိုင်လာရပြီး ကုလသမ္မဂနှင့် EU နိုင်ငံများကလည်း ပြည်သူထံ အာဏာအမြန်ဆုံး ပြန်အပ်ရန် ဖိအားပေးနေသည်။

အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြုထားသလို ပြုပြင်ပြောင်းလဲရေး မလုပ်သမျှ အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ခွင့်မပေးရန် အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားသည်ဟု ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း​ရေးကို ဝင်မစွက်ဘဲ ကြား​နေမူကိုင်စွဲထားသည်ဆို​သော အာဆီယံအဖွဲ့ကြီး၏ သမိုင်းတွင်စစ် အာဏာသိမ်းမှု​ကြောင့် အာဆီယံထိပ်သီးအ စည်းအ​ဝေးတွင် အာဏာလု​ခေါင်း​ဆောင်ကို မဖိတ်ကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၏ တု့န်ပြန်ဆောင်ရွက်မှုတွင် ‘ချဥ်းကပ်ပုံပြောင်းလဲပြင်ဆင်မှု’ အရေးပေါ်လိုအပ်နေကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

သတင်း

CNN သတင်းဌာနရဲ့ ခေါင်းစဉ်မှာတော့ ICCရဲ့ တရားလို ရှေ့နေဟာ မြန်မာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အာဏာလက်လွှတ်ရန်နီးကပ်နေသည့် စစ်ကောင်စီခေါင်းဆောင်များ၏ အမိန့်မနာခံရန် လေသူရဲများအား တိုက်တွန်း

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။