Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ရပ် အရေးတကြီးလိုအပ်နေ

ဆက်လက်ပြီး စစ်တပ်ကျူးလွန်သော ကြီးလေးတဲ့ ပြစ်မှုများမှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများလည်း ပါဝင်ကာ စစ်ကိုင်းတိုင်း ကနီမြို့နယ်ဖြစ်စဉ်မှာ ထင်ရှားတယ်လို့ ဦးကျော်မိုးထွန်းက အစီရင်ခံပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ကြည့်ခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ ဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတရပ် အရေးတကြီးပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတ ရပ် အမြန်ဆုံးပေါ်ထွက်လာနိုင်မှသာ အပြစ်မဲ့ပြည်သူတွေအပေါ် ပြစ်မှုများ ဆက်လက်ကျူးလွန် နေခြင်းကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက မနေ့က ကျင်းပပြုလုပ်တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ ဆဋ္ဌမကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ အရပ်သားပြည်သူလူထုအပေါ် တိုက်ခိုက်မှုတွေကို စနစ်ကျစွာ၊ ရည်ရွယ်ချက်ရှိစွာ စစ်တပ်က လုပ်ဆောင်ခဲ့ပြီး အဲဒီလို ကျူးလွန်လုပ်ဆောင်ရာမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပြည်သူများ သာမက အမျိုးသမီးများနဲ့ ကလေးငယ်များ၊ ဘေးမှရပ်ကြည့်နေတဲ့ အပြစ်မဲ့ပြည်သူများ၊ နေအိမ်ထဲတွင် ငြိမ်းချမ်းစွာနေထိုင်နေတဲ့ ပြည်သူများလည်း ပါဝင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဆက်လက်ပြီး စစ်တပ်ကျူးလွန်သော ကြီးလေးတဲ့ ပြစ်မှုများမှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများလည်း ပါဝင်ကာ စစ်ကိုင်းတိုင်း ကနီမြို့နယ်ဖြစ်စဉ်မှာ ထင်ရှားတယ်လို့ ဦးကျော်မိုးထွန်းက အစီရင်ခံပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာလည်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်တပ်အင်အား ဖြည့်တင်းမှုတွေနဲ့ပတ်သက်လို့ စစ်တပ်က ထိုးစစ်တွေ အပြင်းအထန် ပြုလုပ်နိုင်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်သည်အထိ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ကျူးလွန်လာနိုင်တာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ ဆက်လက်အစီရင်ခံပါတယ်။

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာစစ်တပ်ရဲ့ ယခင်နဲ့ယခု ကျူးလွန်ဆဲ ပြစ်မှုတွေအတွက် တာဝန်ခံဖို့နဲ့ တရားမျှတမှု ရရှိနိုင်ဖို့ တက်ကြွစွာ ကြိုးပမ်းနေပြီး လူ့အခွင့်အရေးနဲ့အပြည်ပြည်ဆိုင်ရာဥပဒေကို အလွန်အမင်း ချိုးဖောက်ထားတဲ့ စစ်တပ် အဆင့်မြင့်အရာရှိတွေ၊ သူတို့ရဲ့ လက်အောက်ခံတပည့်တွေကို တာဝန်ခံမှုရှိစေရေး၊ ဒဏ်ခတ်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ပြည့်တန်ဆာ လုပ်ငန်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကနေ ဖယ်ရှားဖို့၊ လိင်လုပ်သားတွေအပေါ် အကာအကွယ်တွေ တိုးမြှင့်ပေးဖို့ အဆိုကြမ်း တစ်ခုကို လွှတ်တော်ဆီ တင်ပြထားခဲ့ပါတယ်။