Connect with us

Hi, what are you looking for?

News

တိုက်ပွဲများပြင်းထန်နေသော ချင်းပြည်နယ်မြောက်ပိုင်းတွင် ဖုန်းလိုင်းများပြတ်တောက်

အဆိုပါဖုန်းလိုင်းပြတ်တောက်မှုနှင့်ပတ်သတ်၍ ချင်းပြည်နယ်အကြမ်းဖက်စစ်ကောင်စီဥက္ကဌဦးငွန်ဆန်းအောင်ထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

⚪️ ဟားခါးမြို့တွင်လည်း ယနေ့မှစ၍ အင်တာနက်အဖြတ်ခံရ

ချင်းလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက စတင်ပြီးအကြမ်းဖက်စစ်ကောင်စီက ဖုန်းလိုင်းများအားလုံးကိုဖြတ်တောက်သဖြင့် ပြတ်တောက်နေခြင်းဖြစ်ကြောင်းချင်းပြည်နယ်မြောက်ပိုင်း ဒေသခံများကပြောသည်။ ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သောဟားခါး၊ဖလမ်း၊ထန်တလန် တို့တွင်ယခုရက်ပိုင်း အတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ချင်းအမျိုးသားတပ်ဦး(CNF)
နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF)တို့ကပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး ထိုမြို့နယ်အားလုံးတွင် ဖုန်းလိုင်းများပြတ်တောက်နေခြင်းဖြစ်သည်။ ချင်းပြည်နယ် မြောက်ပိုင်းရှိမြို့နယ်များအပြင် စစ်ကိုင်းတိုင်းရှိ ကလေးမြို့နယ်နှင့် တမူးမြို့နယ်တို့တွင်ပါဖုန်းလိုင်းများဖြတ်တောက်ခံထားရသည်။ကန်ပလက်၊မင်းတပ်၊မတူပီ၊ ပလက်ဝ စသော ချင်းပြည်နယ်တောင်ပိုင်းရှိမြို့နယ်များတွင် အင်တာနက်ပြတ်တောက်နေသော်လည်း ဖုန်းလိုင်းများ ပြတ်တောက်ခြင်းမရှိပေ။

ထိုအပြင် စက်တင်ဘာလတွင် အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၌အင်တာနက်ဖျက်တောက်ရာတွင်ကျန်နေခဲ့သော တစ်မြို့တည်းသောမြို့ဖြစ်သော ဟားခါးမြို့ ကိုပါ ယနေ့ ညမှစတင်ဖြတ်တောက်လိုက်ကြောင်း ဒေသခံများကပြောသည်။ ထိုကြောင့်ယခုအခါ ချင်းပြည်နယ်တစ်ခုလုံးတွင် အင်တာနက် ပြတ်တောက်သွားပြီဖြစ်သည်။ ဟားခါးမြို့နယ်နှင့်အတူ စစ်ကိုင်းတိုင်းအတွင်းမှကလေးနှင့် တမူးမြို့များကိုပါ အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်းဒေသခံများကပြောသည်။ထိုကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြစ် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသော မြို့နယ်ပေါင်း ၂၇ ခုရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဟားခါးမှာ ဖုန်းလိုင်း ပြတ်နေတယ်။ တချို့နေရာမှ ဖုန်း လိုင်းတချို့ကရပေ့မယ့် MPTကတော့လုံးဝဆက်သွယ်လို့မရတော့ဘူး ”ဟု ဟားခါးမြို့ခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ယနေညနေတွင်ပြောသည်။ သို့သော် ညပိုင်းရောက်လာသောအခါနေရာအချို့တွင်ရနေသည့် တယ်လီနောနှင့် အော်ရီဒူးဖုန်းလိုင်းများပါမရတော့ပေ။

အဆိုပါဖုန်းလိုင်းပြတ်တောက်မှုနှင့်ပတ်သတ်၍ ချင်းပြည်နယ်အကြမ်းဖက်စစ်ကောင်စီဥက္ကဌဦးငွန်ဆန်းအောင်ထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက စစ်အင်းအားဖြည့်တင်းမူကြောင့် ဒေသခံ ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်များ အောက်တိုဘာ ၁၃ ရက်ကစတင်ပြီး တိုက်များ ပြင်းထန်လာသည်။ ထန်တလန် ဒေသခံ ကာကွယ်ရေးတပ်- CDF (ထန်တလန်) က ဟားခါး-ထန်တလန်လမ်းမကြီးကို ညနေ ၅နာရီခွဲမှ မနက် ၇နာရီခွဲအထိ မည်သူမှ သွားလာခွင့်မပြုကြောင်းနှင့် သွားလာပါက အသက်အန္တရာယ် တာဝန်ယူမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင်ထုတ်ပြန်သတိ့ပေးထားသည်။

ဟားခါး-ဖလမ်းလမ်းမကြီးတွင် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ဖလမ်း၊ဟားခါးမြို့တို့မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၃ ရက်ကစတင်ပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်များသည် ဟားခါး-ဖလမ်းလမ်းမကြီးတွင် ပိတ်မိနေပြီး အထိ့နာနေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ယနေ (အောက်တိုဘာ၁၆)တွင် ချင်းပြည်နယ် မြိုတော်ဟားခါး၌ မြို့အနှံပေါက်ကွဲမူများ ဖြစ်ပွားနေကြောင်းဒေသခံတစ်ဦးက ပြောသည်။ ဖလမ်းနှင့်ဟားခါးကြား ၊ထန်တလန်မြို့ ၊ ဟားခါးမြို့ ၊မတူပီမြို့စသည့် မြို့နယ်များယနေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ၊ဒဏ်ရာ ရနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။