Connect with us

Hi, what are you looking for?

LuduNwayOo

News

ခြေဥနဲ့အညီ အုပ်ချုပ်နေတဲ့အစိုးရဖြစ်တယ်လို့ အာဏာသိမ်းစစ်​ကောင်စီက အာဆီယံကို လိမ်​လည်ပြောဆို

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အဲဒီအခြေခံဥပဒေပြဌာန်းချက်တွေက မျက်ကွယ်ပြုတယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်က သက်သေပြနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်အာဏာကို ရယူကျင့်သုံးနေတဲ့အစိုးရဖြစ်တယ်လို့ အာဆီယံကို လိမ်လည်ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၅ရက်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့အရေးပေါ်အစည်း အဝေးမှာ စစ်ကောင်စီလက်ခံအောက် နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်တက်ရောက်ခဲ့ပြီး အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်နဲ့ ကိုယ်စားပြုမှုကိစ္စတွေအပေါ်တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ် ဦးစီးဦးဆောင်ပြုရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အရေး အပေါ်အခြေအနေကြေညာခြင်းနဲ့ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းခြင်းတို့ဟာ နိုင်ငံတော်သမ္မတကိုယ်တိုင် လုပ်ဆောင်ကြေညာရမှာလို့ ပြဌာန်းထားပါ တယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အဲဒီအခြေခံဥပဒေပြဌာန်းချက်တွေက မျက်ကွယ်ပြုတယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်က သက်သေပြနေပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နံနက်စောစောမှာ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ နိုင်ငံတော်သမ္မတကို နုတ်ထွက်ပေးဖို့ ဖိအားပေးခြိမ်းခြောက်ခဲ့တာပါ။

ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ပြီး လက်နက်အားကိုးနဲ့ အာဏာလုယူမှုဖြစ်တယ်လို့ ရှုမြင်သုံးသပ်ကြပါတယ်။

အထက်ပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှာ လာမယ့်အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကို တက်ရောက်ခွင့်မပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ၀◌ဏ္ဏမောင်လွင်က အာဆီယံပဋိညာဉ်စာတမ်းနဲ့ အခြေခံမှုတွေမှာ မပြဌာန်းထားလို့ ဆွေးနွေးဖို့မလိုအပ်ကြောင်း၊ မြန်မာအစိုးရရဲ့ အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ မေးခွန်းထုတ်ဖို့ အကြောင်းမရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်းဟာ ဘေးထွက်ဆိုးကျိုးသာဖြစ်စေမှာဖြစ်ကြောင်း စသဖြင့် ကန့်ကွက်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

ဆောင်းပါး

ထိုင်း - မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။