Connect with us

Hi, what are you looking for?

News

ခြေဥနဲ့အညီ အုပ်ချုပ်နေတဲ့အစိုးရဖြစ်တယ်လို့ အာဏာသိမ်းစစ်​ကောင်စီက အာဆီယံကို လိမ်​လည်ပြောဆို

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အဲဒီအခြေခံဥပဒေပြဌာန်းချက်တွေက မျက်ကွယ်ပြုတယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်က သက်သေပြနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်အာဏာကို ရယူကျင့်သုံးနေတဲ့အစိုးရဖြစ်တယ်လို့ အာဆီယံကို လိမ်လည်ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၅ရက်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့အရေးပေါ်အစည်း အဝေးမှာ စစ်ကောင်စီလက်ခံအောက် နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်တက်ရောက်ခဲ့ပြီး အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်နဲ့ ကိုယ်စားပြုမှုကိစ္စတွေအပေါ်တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ် ဦးစီးဦးဆောင်ပြုရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အရေး အပေါ်အခြေအနေကြေညာခြင်းနဲ့ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းခြင်းတို့ဟာ နိုင်ငံတော်သမ္မတကိုယ်တိုင် လုပ်ဆောင်ကြေညာရမှာလို့ ပြဌာန်းထားပါ တယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အဲဒီအခြေခံဥပဒေပြဌာန်းချက်တွေက မျက်ကွယ်ပြုတယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်က သက်သေပြနေပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နံနက်စောစောမှာ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ နိုင်ငံတော်သမ္မတကို နုတ်ထွက်ပေးဖို့ ဖိအားပေးခြိမ်းခြောက်ခဲ့တာပါ။

ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ပြီး လက်နက်အားကိုးနဲ့ အာဏာလုယူမှုဖြစ်တယ်လို့ ရှုမြင်သုံးသပ်ကြပါတယ်။

အထက်ပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှာ လာမယ့်အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကို တက်ရောက်ခွင့်မပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ၀◌ဏ္ဏမောင်လွင်က အာဆီယံပဋိညာဉ်စာတမ်းနဲ့ အခြေခံမှုတွေမှာ မပြဌာန်းထားလို့ ဆွေးနွေးဖို့မလိုအပ်ကြောင်း၊ မြန်မာအစိုးရရဲ့ အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ မေးခွန်းထုတ်ဖို့ အကြောင်းမရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်းဟာ ဘေးထွက်ဆိုးကျိုးသာဖြစ်စေမှာဖြစ်ကြောင်း စသဖြင့် ကန့်ကွက်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ