Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို လက်တုံ့ပြန်မယ့် အတိုင်းအတာအတွက် အစ္စရေး အစိုးရ အတွင်းပိုင်းမှာ အကျေအလည် ဆွေးနွေးနေဆဲ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

အီရန်ကို လက်တုံ့ပြန်မယ့် အတိုင်းအတာအတွက် အစ္စရေး အစိုးရ အတွင်းပိုင်းမှာ အကျေအလည် ဆွေးနွေးနေဆဲ
အီရန်ကို လက်တုံ့ပြန်မယ့် အတိုင်းအတာအတွက် အစ္စရေး အစိုးရ အတွင်းပိုင်းမှာ အကျေအလည် ဆွေးနွေးနေဆဲ

အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့မှုကို ဘယ်လောက် အတိုင်းအတာနဲ့ တုံ့ပြန်မလဲ ဆိုတာကို အစ္စရေး အစိုးရ အဖွဲ့ထဲမှာ အကျေအလည် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့တော်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီး ဧပြီ ၁၃ ရက် ညပိုင်းမှာ အီရန်က အစ္စရေးနိုင်ငံ အနှံ့မှာရှိတဲ့ စစ်ရေး ပစ်မှတ်တွေကို ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း ၃၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲက ၉၉ ရာခိုင်နှုန်းလောက်ကို အစ္စရေးနဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အစ္စရေးက အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်လာနိုင်ခြေ ရှိနေကြောင်း လေ့လာသူတွေက တညီတညွတ်တည်း သုံးသပ်ထားပါတယ်။ အကျိုးဆက် အနေနဲ့ လက်ရှိ ဆိုးရွားနှင့်ပြီးသား အရှေ့အလယ်ပိုင်း တင်းမာမှုတွေ ပိုမို ခါးသီးလာဖွယ် ရှိနေပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ စစ်ဖြစ်ချိန် ကတည်းက ဖွဲ့စည်းထားတဲ့ အစ္စရေး စစ်ကာလ အစိုးရဟာ အခုအခါမှာ အီရန်ကို ဘယ်အတိုင်းအတာနဲ့ လက်တုံ့ပြန်မလဲ ဆိုတာကို အကျေအလည် ဆွေးနွေးနေပါတယ်။ ဧပြီ ၁၅ ရက်ထိ အခြေအနေတွေ အရတော့ ဘယ်လောက် ပမာဏထိ တုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အစ္စရေး အစိုးရ အဖွဲ့ထဲမှာ သဘောတူညီမှု မရသေးဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစ္စရေး အနေနဲ့ ပြဿနာတွေ ပိုဆိုးမသွားအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ တောင်းဆိုထားပါတယ်။ အမေရိကန်ကတော့ အီရန်ရဲ့ လုပ်ရပ်ကို ရှုတ်ချပြီး အစ္စရေးရဲ့ လုံခြုံရေးကို ကူညီစောင့်ရှောက်ဖို့ ဆက်လက် သံန္နိဋ္ဌာန် ချထားကြောင်း ပြောပါတယ်။

အစ္စရေး အစိုးရ အဖွဲ့ထဲမှာတော့ အဓိက အရေးပါတဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဘန်နီဂန့်ဇ်က အီရန်ကို ခပ်သွက်သွက် လက်တုံ့ပြန်ဖို့ တိုက်တွန်းနေပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ပိုပြီး လေးနက်တိကျတဲ့ ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အစ္စရေးဟာ ဂါဇာစစ်ပွဲမှာ လွန်ကဲတဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာ ဖိအားပေးမှု၊ ဝေဖန်မှုတွေကို ခံခဲ့ရပေမယ့် အီရန်ရဲ့ တိုက်ခိုက်မှု အပြီးမှာတော့ နိုင်ငံတကာ အသိုက်အဝန်း၊ အထူးသဖြင့် အနောက်မဟာမိတ် နိုင်ငံတွေရဲ့ စာနာ ထောက်ခံမှုကို ရရှိနေပြီး အဲဒီအခြေအနေကိုပါ အခွင့်အရေးယူတဲ့ အခင်းအကျင်းတွေ စီစဉ်လာနိုင်ကြောင်း လေ့လာသူ တချို့က ထောက်ပြထားကြပါတယ်။

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကြိုတင် ကတိထားရှိတဲ့ သုံ့ပန်းလဲလှယ်ရေးကိစ္စက စီစဉ်ထားတဲ့နေ့မှာ အထမမြောက်ဘူးဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း အစ္စရေးက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသထဲက ဒုက္ခသည် စခန်းတစ်ခုမှာ အစ္စရေး စစ်တပ်က အဆောက်အအုံတွေကို ဖောက်ခွဲ ဖျက်ဆီးနေခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေးလိုက်ပါတယ်။

Facebook