Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်၌ မတရားဖမ်းဆီးခံထားရသူအချို့ကို ယနေ့ညနေ လွှတ်ပေးမည်

အောက်တိုဘာ ၁၉ ရက်တွင်သာ အများစု လွှတ်ပေးမည်ဟု ကြားသိရကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ပုဒ်မ ၅၀၅ (က)ဖြင့်တရားစွဲဆိုခံထားရသော အချုပ် သားများ၏ ရှေ့နေများက ဆိုသည်။

People's Spring
People's Spring

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသည့် အင်စိန်အကျဉ်း ထောင်မှအနုပညာရှင်အချို့နှင့် မတရားဖမ်းဆီးခံထားရသူအချို့ကို ယနေ့(အောက်တိုဘာ၁၈)ညနေပိုင်းတွင် လွှတ်ပေးမည်ဟု အင်းစိန်ထောင်မှအရာရှိတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

“ဒီနေ့(အောက်တိုဘာ ၁၈)ညနေ မှာ အယောက် ၅၀ ကျော်လောက်လွှတ်မယ်။ ကျန်တဲ့သူတွေကတော့ နောက်နေ့မှာ လွှတ်ဖို့ စာရင်းတွေလုပ်နေရတယ်”ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၉ ရက်တွင်သာ အများစု လွှတ်ပေးမည်ဟု ကြားသိရကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ပုဒ်မ ၅၀၅ (က)ဖြင့်တရားစွဲဆိုခံထားရသော အချုပ် သားများ၏ ရှေ့နေများက ဆိုသည်။

“အနုပညာရှင်နဲ့ အကျ(အမိန့်ချပြီးသူ)တွေကိုပဲဒီနေ့လွှတ်မယ်လို့ စုံစမ်းသိရတယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ပြစ်ဒဏ်ချမှတ်ထားသည့် ပြည်သူများအနက် ၁,၃၀၀ ကျော်ကိုပြန်လွှတ်ပေးခဲ့ပြီး တရားစွဲဆိုထားသည့် ပြည်သူ ၄,၃၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

မတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူ ၁,၃၁၆ ဦးကို ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

“အစထဲကအပြစ်ရှိတဲ့သူတစ်ယောက်မှမပါလို့ မြန်မာပြည်သူလူထုက လွတ်လာတဲ့သူတွေအတွက်အတိုင်းမသိဝမ်းသာပေမယ့် စကစ ရဲ့ အခုလုပ်ရက်ပေါ်ကို ထောက်ခံမှု ဇီးရိုးပါပဲ။ စကစ အပေါ်ပြည်သူလူထုသဘောထားအရင်အတိုင်းပါပဲ။ အာဆီယံမှာမျက်နှာဗန်းလှဖို့ တစ်ဖက်ကအလွှတ်ပြ ပြီးတစ်ဖက်မှာသပိတ်တွေကို ကားနဲ့တိုက်သေနတ်နဲ့ပစ်ရက်ရက် စက်စက်ဖြိုခွင့်ဖမ်းစီးနေတာ အခုလက်ရှိမလို့ စကစ လုပ်ရက် က အာဆီယံမှာ မျက်နှာဗန်းလှဖို့သူ့ ရမ္မက်တစ်ခုကိုရှေ့ရှူတာဖြစ်ပြီး တိုင်း ပြည်အတွက်ဘာကောင်းကျိုးမှမပြုတဲ့ စကစ ကို ေထာက်ခံမှု zeroပါပဲ”ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာကအသိအမှတ်မပြုဘဲ ဖမ်းဆီးထားသူများအားလုံးကိုပြန်လွှတ်ရန် ၊ ဒီမိုကရေစီအမြန်ဖော်ဆောင်ပြီး ပြည်သူ့အာဏာလွှဲပြောင်းပေးရန် နိုင်ငံတကာကပိုမိုဖိအားပေးလာသလို ၊အာဆီယံကိုယ်တိုင်က သမိုင်းတွင်သောဆုံးဖြတ်ချက်အဖြစ် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ရန် ဆုံးဖြတ်ပြီး သုံးရက်အကြာတွင် ယခုကဲသို့အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရသူများကိုပြန်လွှတ်ပေးရန် ကြေညာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုတွင် ပါဝင်သူများစွာကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို အာဏာသိမ်းပြီး ၈လကျော်အတွင်းဆက်တိုက်ပြုလုပ်ခဲ့သည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီက ၎င်းတို့ မတရားဖမ်းဆီးအရေးယူထားသူများကို ပြန်လွှတ်ပေးရာတွင် လူသားချင်းစာနာထောက်ထားမှုကို အလေးထား၍ လွှတ်ပေးခြင်းဖြစ် သည်ဟု ဖော်ပြခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် ပြည်သူ ၁,၁၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၉,၀၀၀ ကျော်ကို ဖမ်းဆီးကာ ၇,၃၀၀ ကျော်ကိုချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အရေအတွက်များသည် စာရင်းပြုစုထားနိုင်သည့်အရေအတွက်များသာဖြစ်ပြီး လူမသိသူမသိ ဖမ်းဆီး သတ်ဖြတ်ခံရသူများ ဖမ်းဆီးခံထားရသူများလည်း ရှိနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook